ဝက်(၁၀)ကောင်ကို ရေကန်ထဲ ခုန်ချစေပြီး ရေကူးပြိုင်ပွဲ ပြုလုပ်ကာ ခရီးသွားတွေကို ဆွဲဆောင်ခဲ့
တရုတ်နိုင်ငံ၊ ဟူနန်ဒေသမှာ ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်းကို လာရောက်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ အတွက် ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကတော့ ၀က်တွေကို တံတားပေါ်ကနေ ပစ်ချပြီး ရေကူး ပြိုင်စေခဲ့တာ ဖြစ်ပါ တယ်။ ၀က်(၁၀)ကောင် ကို အမှတ်အသားတွေ ပြုလုပ်ပြီး တံတားပေါ် ကို ခေါ်ဆောင်သွားခဲ့ ပါတယ်။ ဒီနောက် ၀က်တွေကို ရေကန်ထဲကို ခုန်ချစေခဲ့ ပါတယ်။ ၀က်တွေဟာ ရေကန်ထဲကို ရောက်သွားတဲ့ အခါမှာ ရေကူးခဲ့ကြ ပါတယ်။ ဒါကို ပြိုင်ပွဲ အဖြစ် သတ်မှတ်ကာ ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ပရိသတ် အများအပြား လာရောက်ကြည့်ရှုခဲ့ ကြပေမယ့် တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ရာ ရောက်တာမို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံမှာ တိရိစ္ဆာန် တွေကို ကာကွယ် စောင့်ရှောက်တဲ့ တိကျတဲ့ ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး တာကြောင့် ကာကွယ်မှုတွေ ပြုလုပ်ရာမှာ အခက်အခဲတွေ များစွာ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်များ