တရုတ်နိုင်ငံ အလယ်ပိုင်း huainan အရပ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရိုးရာပွဲတော်တစ်ခုမှာ အလေးချိန် ရှစ်တန်ရှိတဲ့ ပဲပြားကြီးကို ပြသခဲ့တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒီပဲပြားကြီးကို လူ (၅၀) က အချိန် ခုနစ်နာရီကျော်ယူပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂင်းနစ်စံချိန် မှတ်တမ်းမှာ ထည့်သွင်းခံရဖို့ ရှိပါတယ်။ ပဲပြားကြီးဟာ ( ၁၂) ပေ ပတ်လည်ရှိပြီး အထူက တစ်ပေကျော် ရှိတာကြောင့် ကမ္ဘာ့အကြီးဆုံး ပဲပြားအဖြစ် သတ်မှတ် ခံရဖွယ်ရှိပါတယ်။
ဒီဒေသမှာ နေထိုင်တဲ့ သူတွေဟာ ပဲပြားကို ရိုးရာပွဲတော်အရ ပြုလုပ်ခြင်း ဖြစ်ပြီး၊ လုပ်ပြီးသားကို အိမ်တွေကို ခွဲဝေပေးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ပဲပြားဟာ လူကြိုက်များတဲ့ အစားအစာ ဖြစ်ပါတယ်။ပဲပြားကို ခေါက်ဆွဲပြုတ်မှာသာမက အခြားဟင်းလျာတွေမှာပါ ထည့်သွင်း စားသုံးလေ့ရှိကြောင်း သိရပါတယ်။ အလွန်ကြီးမားတဲ့ ပဲပြားကြီးကို လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး အမှတ်တရအဖြစ် အိမ်ကို ယူဆောင်သွားခဲ့ကြပါတယ်။
messenger news journal
messenger news journal

မှတ်ချက်များ