ဆေးရုံကုတင်ပေါ်မှာ မွေးကင်းစရင်သွေးကို လက်ဖ၀ါးနဲ့တဖြန်းဖြန်း အဆက်မပြတ်ရိုက်တဲ့ အမေ
ဘယ်မိခင်ကများ မိမိရဲ့ မွေးကင်းစရင်သွေးငယ်လေးကို လက်ဖ၀ါးနဲ့ တဖြန်းဖြန်းမြည်အောင် အဆက်မပြတ်ရိုက်မှာပါလိမ့်နော်။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်ရပ်က ဖြစ်ရပ်မှန်တစ်ခုအဖြစ် ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၁၈ ရက်နေ့ မှတ်တမ်းဗီဒီယိုဖိုင်တစ်ခုက YouTube နဲ့ အင်တာနက်တစ်ခွင်မှာ မကြာသေးခင်ကပဲ ပျံ့နှံ့လို့လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ဦးက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေရင်း သူ့နံဘေးမှာ ရှိနေတဲ့ သူ့ရဲ့ မွေးကင်းစရင်သွေးလေးကို လက်ဖ၀ါးနဲ့ တဖြန်းဖြန်းမြည်အောင် အဆက်မပြတ်ရိုက်ခဲ့တာကို တွေ့ရပါတယ်။
အင်တာနက်မှ ယင်းဗီဒီယိုကို ကြည့်ရှုသူတွေဟာ အဲဒီမိခင်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး များစွာစိတ်ရှုပ်ထွေးခဲ့ကြရပါတယ်။
ပက်စေးမြို့လူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်တွေကတော့ မိခင်ရဲ့ နှိပ်စက်မှုကနေ အဲ့ဒီကလေးငယ်ကင်းလွတ်အောင်လို့ ကလေးနဲ့ မိခင်ကို သီးခြားစီခွဲထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
အဆိုပါအမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ချက်အရ သူမဟာ မီးဖွားပြီးကာလစိတ်ကျရောဂါကို ခံစားနေရတယ်လို့လည်း သိရပါတယ်။
Phothutaw

မှတ်ချက်များ