ခွေးတရားမ၀င်သယ်ဆောင်မှုကြောင့် Johnny Depp ရဲ့ ဇနီး Amber Heard ထောင်ဒဏ်ကျခံရဖွယ်ရှိ


Johnny Depp ရဲ့ ဇနီးဖြစ်သူ Amber Heard ဟာ သူတို့ ဇနီးမောင်နှံရဲ့ တယ်ရီယာခွေးလေးနှစ်ကောင် ကို သြစတြေးလျနိုင်ငံကို တရားမ၀င်သယ်ဆောင်လာမှုကြောင့် တနင်္လာနေ့ မှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

Depp တို့ စုံတွဲဟာ ခွေးတွေ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ပါလာမယ်လို့ ကြိုတင်အသိမပေးဘဲ သြစတြေးလျနိုင်ငံကို ခွေးတင်ဆောင်လာမှုအပေါ် Queensland ပြည်နယ် Southport ရာဇ၀တ်တရားရုံး က ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

The Rum Diary မင်းသမီးဟာ Australia နိုင်ငံ၊ Queensland ပြည်နယ် တရားရုံးကို တက်ရောက်မှာ မဟုတ်ဘဲ သူမရဲ့ ရှေ့ နေတွေဟာ တရားခွင်ရွှေ့ ဆိုင်းမှုရယူဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Heard ဟာ နိုင်ငံအတွင်းတရားမ၀င်တင်သွင်းမှုနဲ့ ခရီးသည်အ၀င်စာရင်းအတု ပြုလုပ်မှုကြောင့် တရားစွဲဆို ခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ တစ်သိန်းတိတိ ပေးဆောင်ရဖို့ ရှိနေပါတယ်။

Boo နဲ့ Pistol ဆိုတဲ့ တယ်ရီယာခွေးလေးနှစ်ကောင်ကို Depp တို့ စုံတွဲဟာ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်စာရင်းထဲ မထည့်ခဲ့ဘဲ အမေရိကန်နိုင်ငံဟာ ခွေးရူးပြန်ရောဂါကင်းရှင်းတဲ့ နိုင်ငံမဟုတ်တာကြောင့် သြစတြေးလျနိုင်ငံရဲ့ ရောဂါပြန့် ပွားမှုတားဆီးရေးအပေါ် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

Ye Wint - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ