ဘောလိဝုမင်းသမီး Sunny Leone ၏ condom ကြော်ငြာကြောင့် မုဒိမ်းမှု ပိုများလာနိုင်ကြောင်း အိန္ဒိယ ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးပြော
အပြာ ဗွီဒီယို မင်းသမီးမှနေ၍ ဘောလိဝု မင်းသမီး ဖြစ်လာသူ အိန္ဒိယ-ကနေဒါ ကပြား Sunny Leone ၏ condom (ကွန်ဒုံး) ကြော်ငြာတစ်ခုမှာ ကာမရာဂစိတ်ကို နှိုးဆွပေးသဖြင့် မုဒိမ်းမှုဖြစ်အောင် ဆွပေးနိုင်ကြောင်း အိန္ဒိယ လက်ဝဲနိုင်ငံရေး သမားတစ်ဦးက ဝေဖန်ခဲ့သည်။
မင်းသမီး Sunny Leone မှာ မူလက အပြာဇာတ်ကားများစွာတွင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး၊ ထိုသရုပ်ဆောင်မှုများအတွက် ဆုပေါင်းများစွာ ရရှိထားခဲ့သူ ဖြစ်သည်။
သို့ရာတွင် ထို အပြာဇာတ်ကားများကဲ့သို့ လိင်ပိုင်းဆိုင်ရာပြကွက်ကြမ်းများ မပါဝင်သည့် condom ကြော်ငြာနှင့် ပတ်သတ်၍ အိန္ဒိယ နိုင်ငံရေး သမားများက၊ မင်းသမီး၏ သရုပ်ဆောင်မှုမှာ “ယုတ်ညံ့” ကာ “အကျည်းတန်” ပြီး အကျင့်ပျက်မှု တစ်ခုဖြစ်ကာ လိင်ပိုင်းဆိုင်ရာ နှိုးဆွပေးနိုင်ကြောင်း ဝေဖန်ရှုတ်ချခဲ့ကြသည်။
ဒေါသထွက်နေသည့် နိုင်ငံရေးသမား တစ်ဦးကမူ ထိုကြော်ငြာထဲမှ Leone ၏ သရုပ်ဆောင်မှုမှာ မုဒိမ်းမှုများကို တိုးပွါးလာစေနိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ထို Manforce condom ကြော်ငြာအား ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကတည်းက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်မှ စ၍ ဘောလိဝု ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့သူ မင်းသမီးချော Leone သည် ထိုကြော်ငြာထဲတွင် ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး ကမ်းခြေတစ်ခုတွင် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
အမျိုးသမီးများ၏ မလုံ့တလုံ ဝတ်စားဆင်ယင်မှုသည် မုဒိမ်းမှုများကို ပိုမို ဖြစ်ပေါ်လာစေနိုင်ကြောင်း အချို့က ယူဆနေကြသော အိန္ဒိယနိုင်ငံတွင်၊ အမျိုးသမီးများအား အကာအကွယ်ပေးရန် ကြိုးပမ်းနေကြသည်ဆိုသူများ အပါအဝင် နိုင်ငံရေးသမား အချို့က Leone ၏ ကြော်ငြာအား ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
အိန္ဒိယ ကွန်မြူနစ်ပါတီမှ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ Atul Kamar Anjan သည် အင်္ဂါနေ့က Uttar Pradesh ရှိ လူထုစည်းဝေးပွဲ တစ်ခုတွင် “ညစ်ညမ်းပြီးတော့ ဆိုးဝါးလှတဲ့ ဒီလို ကြော်ငြာ တစ်ခုဟာ ရမ္မက်ဆန္ဒကို နှိုးဆွပေးနိုင်ပြီးတော့ စဉ်းစားဆင်ခြင်စိတ်ကို ပျက်စီးစေနိုင်ပါတယ်” ဟု ဆိုခဲ့သည်။
“အဲဒီလို condom ကြော်ငြာမျိုးတွေ နိုင်ငံရဲ့ ရုပ်သံလိုင်းတွေနဲ့ သတင်းစာတွေမှာ ပါနေမယ်ဆိုရင် မုဒိမ်းမှုတွေ ပိုများလာမှာပါ။ အဲဒါကို ရပ်တန့်ပစ်ဖို့ လိုပါတယ်” ဟု Anjan က လူအုပ်ကြီးအား ဟောပြော ခဲ့သည်။
ထို comdom ကြော်ငြာ ဗွီဒီယိုကို https://www.youtube.com/watch?v=i8vDt5GUb-8 တွင် သွားရောက် ကြည့်ရှု နိုင်ပါသည်။
mizzima burmese

မှတ်ချက်များ