အီရတ်မှာ ကားဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၆၀ ကျော် သေဆုံး



အီရတ်နိုင်ငံတလွှားမှာ ကားဗုံးတွေ ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၃ ဦး သေဆုံးခဲ့တယ်လို့ ရဲနဲ့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။

အသေအပျောက်အများဆုံး ရှိခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကတော့ ရှီယာမွတ်စလင်တွေ အများဆုံးရှိတဲ့ Diyala ပြည်နယ် အရှေ့ပိုင်း Khalis မြို့မှာဖြစ်ပြီး အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပါတယ်။

Basra မြို့ နဲ့ အနောက်တောင်ဘက် ၉ မိုင်အကွာရှိ al-Zubair မြို့မှာ နောက်ထပ် ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် လူ ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ဘက္ကဒက်မြို့မှာ ပေါက်ကွဲခဲ့တဲ့ တတိယ မြောက်ဗုံးကြောင့် လူ ၁၃ ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဘက္ကဒက်မြို့တော်ရဲ့ အရှေ့မြောက်ဘက် Husseiniya လို့ခေါ်တဲ့ ရပ်ကွက်နားမှာ ပေါက်ကွဲခဲ့တဲ့ ကားဗုံးကြောင့် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အေပီသတင်းက ဆိုပါတယ်။

Basra မြို့ အနီး ပေါက်ကွဲမှုကိုတော့ အစ္စလမ်မစ်နိုင်ငံအဖွဲ့က သူတို့လုပ်ဆောင်ကြောင်း ပြောကြားခဲ့ပေမယ့် ကျန် ဗုံးပေါက်ကွဲမှုတွေကိုတော့ ဘယ်သူကမှ ၀န်ခံပြောဆိုခြင်း မရှိသေးပါဘူး။

BBC Burmese

မှတ်ချက်များ