အင်ဒိုနီးရှားက ကြွက် မျိုးစိတ်သစ်
အင်ဒိုနီးရှား နိုင်ငံရဲ့ အစွန်အဖျားကျပြီး တောင်တန်းတွေ ပေါများတဲ့ ဆူလာဝဆီ ကျွန်းစုမှာ ကြွက် မျိုးစိတ်သစ် တွေ့ရှိရတယ်လို့ သိရပါတယ်။ နှာတံ၊ အမြီးနဲ့ ခြေထောက် ရှည်ပြီး နှာခေါင်းပေါက် ကျယ်ကာ နားရွက်ကားတဲ့ အဲဒီ ကြွက် မျိုးစိတ်ကို Hyorhinomys stuempkei လို့ အမည်ပေး ထားပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ အင်ဒိုနီးရှား နိုင်ငံက သုတေသန ပညာရှင်တွေ အပါအ၀င် နိုင်ငံတကာ သုတေသန ပညာရှင်တွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ အစောပိုင်းက ဆူလာဝဆီ ကျွန်းစုမှာ မျိုးစိတ်သစ် ကြွက် ငါးကောင်ကို တွေ့ရှိခဲ့တာပါ။ အခု တွေ့ရှိရတဲ့ ကြွက်ဟာ ကြွက် မျိုးစိတ်သစ် ဖြစ်သလို ကြွက် မျိုးနွယ်စုသစ် တွေ့ရှိခြင်းတောင် ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း နိုင်ငံတကာ သိပ္ပံပညာရှင်တွေဟာ ဆူလာဝဆီ ကျွန်းမှာ သွားမပါတဲ့ ကုန်းနေ ရေနေ ကြွက် မျိုးစိတ် တစ်မျိုးကို တွေ့ရှိခဲ့ဖူးပါတယ်။
Nz (ရိုးရာလေး)



မှတ်ချက်များ