အာရှယူ ၁၉ ခြေစစ်ပွဲ မြန်မာအသင်း ဗီယက်နမ်ကိုရှုံး






အာရှ ယူ ၁၉ ခြေစစ်ပွဲမှာ မြန်မာ ယူ ၁၉ အသင်းက ဗီယက်နမ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းဟာ မြန်မာ အသင်းထက် ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး အနိုင်ရရှိသွားတာဖြစ်ပါတယ်။

မြန်မာအသင်းက အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ နောက်တဆင့် တက်ရောက်ဖို့ နောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ် အသင်းကို အနိုင်ကစားရမှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အုပ်စု(ဆ)အတွင်း ဗီယက်နမ်က ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ မြန်မာအသင်းက ၄ ပွဲကစား ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ရမှတ် ၇ မှတ်ရရှိကာ အုပ်စု ဒုတိယနေရာမှာ အသီးသီး ရပ်တည် နေပါတယ်။

မြန်မာအသင်းက ဟောင်ကောင်၊ ဘရှုးနိုင်းအသင်းတွေကို အနိုင်ရရှိခဲ့သလို တီမောအသင်းနဲ့ သရေကျထားပါတယ်။(ဓာတ်ပုံ – မြန်မာဘောလုံးအဖွဲ့ချုပ်)

DVB

မှတ်ချက်များ