မသေခင်မှာ ပြီးပြတ်အောင် လုပ်သင့်သော အချက် ၃၀


လူတိုင်းက မသေခင်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်အောင်လုပ်ချင်ကြပါတယ်။

ဒါပင်မဲ့လည်း အကြောင်း အမျိုးအမျိုးကြောင်း လိုအင်ဆန္ဒ မပြည့်ဝတဲ့အခါလည်း ရှိပါတယ်။ ဒီလို နောင်တ မရအောင် ကိုယ်လုပ်ချင်တဲ့အချက်လေးတွေကို ရေးထားသင့်ပါတယ်။

၀၁. အကြွေးအတွက် တွေးမပူနေပါနဲ့။

၀၂. ကိုယ်နဲ့ရေစက်မပါလို့ လက်တွဲဖြုတ်ခဲ့ရတဲ့ ချစ်သူကို ခွင့်လွှတ်လိုက်ပါ။

၀၃. ဖြစ်လာတဲ့အကြောင်း (အဖြေ)ကို အတင်းအကြပ် ပြောင်းလဲပြစ်ရန် မကြိုးစားပါနဲ့။

၀၄. တစ်နေ့တစ်ခါ ကိုယ့်ပုံကို မှန်ကိုကြည့်ပြီး မိမိကိုယ်ကို ချစ်နိုင်အောင် ကြိုးစားပါ။

၀၅. အလုပ်ချင်တဲ့၊ မလုပ်နိုင်တော့တဲ့အလုပ်ကို ချက်ချင်းဆိုသလို ထွက်လိုက်ပါ။

၀၆. ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ကြိုးစားပါ။

၀၇. ကလေးကတည်းက မွေးချင်တဲ့ တိရစ္ဆာန်လေးတွေနဲ့ အတူနေပါ။

၀၈. ကိုယ်အလေးချိန် တက်ကျတာတွေကို ခဏမေ့ထားလိုက်ပါ။

၀၉. ဘယ်ကိစ္စမဆို အဆင်ပြေမယ်လို့ပဲ တွေးကြည့်ပါ။

၁၀. သွားချင်တဲ့နေရာကို သွားဖြစ်အောင် ကြိုးစားပါ။

၁၁. လုပ်ချင်ပဲမယ့်လည်း မလုပ်ရဲဖြစ်နေတဲ့ဟာကို လုပ်ဖြစ်အောင် လုပ်ကြည့်ပါ။

၁၂. ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ ဒီအတွက်ကို လက်ခံပါ။

၁၃. အတိတ်က အမှားတွေကို မေ့ထားလိုက်တော့ပါ။

၁၄. ပတ်ဝန်းကျင်ကသူတွေရဲ့ ဘဝကို ပြောင်းလဲပြစ်ဖို့ မကြိုးစားပါနဲ့။

၁၅. အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို သူများကို မမေးပဲ၊ ကိုယ်တိုင်သာ ဆုံးဖြတ်ပါ။

၁၆. ကိုယ့်အမှားတွေကို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။

၁၇. ပတ်ဝန်းကျင်က အပြစ်တင်၊ ဝေဖန်တာကိုလည်း မေ့ထားလိုက်ပါ။

၁၈. နောက်ဆုံးတော့ ကိုယ့်ရဲ့ ခံစားချက်နဲ့ ဆုံးဖြတ်ကြည့်ပါ။

၁၉. ကိုယ့်အတွက် အရေးကြီးဆုံးသောသူအတွက် အားလုံးကို စတေးရမယ်ဆိုရင်လည်း စတေးနိုင်အောင် ကြိုးစားပါ။

၂၀. ဝေဖန်သံတွေကို နားထဲကို မရောက်ပါစေနဲ့။

၂၁. ကမ္ဘာကြီးက လှပပြီး အကြင်နာတရားတွေနဲ့ ပြည့်နေတယ်လို့ ခံယူလိုက်ပါ။

၂၂. လူတွေအားလုံးကို ညီတူညီမျှ ဆက်ဆံပါ။

၂၃. တကယ်မလိုအပ်တာတွေကို ချက်ချင်း ပစ်လိုက်ပါ။

၂၄. အရေးကြီးတာက အဖြေမဟုတ်ပဲ၊ ဘာကိုလုပ်ခဲ့သလဲဆိုတာက အရေးကြီးပါတယ်။

၂၅. ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ပျော်ပျော်ရွှင်ရွှင် တွေးတော ဖြေရှင်းပါ။

၂၆. ပတ်ဝန်းကျင်ရဲ့ အကြံပေးချက်တွေကို လက်ခံပါ။

၂၇. ပြသာနာတွေနဲ့ကြုံတွေ့ချိန်မှာ လက်မြောက်အရှုံးပေးတာမဟုတ်ပဲ၊ အခွင့်အရေးတရပ်လို့တွေးပြီး ဆက်လုပ်ပါ။

၂၈. ကိုယ်ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်လို့ ခံယူထားပါ။

၂၉. ပတ်ဝန်းကျင်ကသူတွေကို အံ့သြစေလောက်အောင် ရည်မှန်းချက် ကြီးကြီးမားမားထားလိုက်ပါ။

၃၀. ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားအောင်လုပ်မယ်လို့ အမြဲတမ်းတွေးပြီး ကြိုးစားပါ။

ChelmoTeam

မှတ်ချက်များ