အပြင်းဖျားရာမှ ဆယ်စုနှစ်သုံးခုကျော်ကြာ လုံးဝအိပ်စက်ခြင်းမရှိ တော့တဲ့ အမျိုးသား
အသက် ၆၄ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ဆယ်စုနှစ် သုံးခုကျော်ကြာအောင် ညပေါင်းများစွာ လုံးဝအိပ်စက် ခြင်းမရှိပဲ နေထိုင်နေခဲ့ပါတယ်။
နော့( ဟိုင်းနော့) အမည်ရှိတဲ့ ယင်း အမျိုးသားကြီးက ဒီလိုမျိုးထူးဆန်းတဲ့ ခန္ဓာကိုယ်တုန့်ပြန်မှု လက္ခ ဏာလုံးဝအိပ်စက်ခြင်းမရှိတော့တာက လွန်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က ဖြစ်ခဲ့တဲ့ အပြင်းဖျားရောဂါခံစားခဲ့ချိန်ကနေ စတင်ဖြစ်ခဲ့တာဖြစ် ပါတယ်။
အိပ်မပျော်တဲ့ညပေါင်းအရေအတွက်နဲ့ဆိုရင် သောင်းချီတဲ့ရက် ပေါင်းတွေကို ကျော်လွန်လာခဲ့ပြီးဖြစ်တယ်လို့ သူ့ရဲ့ဇနီးသည် က ခင်ပွန်းဖြစ်သူရဲ့ အကြောင်းကို ရှင်းပြပါတယ်။
“ ကျွန်မယောက်ျား က ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့ သူအကြိမ်ကြိမ်ကြိုးစားပြီး သွားပါပြီ။ ကျန်းမာရေးစစ်ဆေးတာတွေ၊ အိပ်ဆေးသောက်တာတွေ၊ ပင်ပင်ပန်းပန်းလုပ်တာတွေနဲ့ အခြား နည်းလမ်းတွေ အားလုံးကိုပေါ့။
ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလေ၊ ဒါကရောဂါလား၊ ဘာလားဆိုတာတော့ အခုချိန်ထိ မသိနိုင်သေး ပါဘူး” လို့ပြောပါတယ်။
နော့က သူ့ရဲ့ဒီလိုမျိုးရောဂါခံစားရတာမျိုးမဟုတ်ပဲ အိပ်စက်လို့မရ တော့တဲ့ အချိန်တွေမှာတော့ သူ့ရဲ့တောင်ယာ စိုက်ပျိုးရေးလုပ်ငန်း တွေ၊ မွေးမြူရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေလုပ်ကိုင်ပြီး အချိန်ကုန် ဆုံးနေတာဖြစ်ပါတယ်။
phothutaw

မှတ်ချက်များ