တရုတ်ပြည်မှာ အရက်မူးနေသူတစ်ဦးက မီးပွိုင့်တိုင်ပေါ်တက်ပြီး ထိုက်ချိသိုင်းကစားပြ


တရုတ်ပြည် Anhui စီရင်စုက မီးသတ်သမားတွေက မီးပွိုင့်တိုင်ပေါ်တက်ပြီး သိုင်းလေ့ကျင့်နေတဲ့ အမူးသမားတစ်ဦးအကြောင်း အကြောင်းကြားခံရတယ်လို့ ဆိုပါတယ်။

Suzhou မှာ သောကြာနေ့က ထိုက်ချိကစားနေတဲ့ သတ္တိကောင်းတဲ့ လူအကြောင်း ဗီဒီယိုရိုက်ကူးထားခဲ့ကြပါသတဲ့။

အမူးလွန်နေတဲ့ သိုင်းသမားကတော့ သူ့ကိုကူညီဖို့ အပေါ်တက်လာတဲ့ မီးသတ်သမားတွေကို လှေကားနဲ့ ပြန်မဆင်းဘူးလို့ ငြင်းဆန်နေခဲ့ပါတယ်။

ဒီအလုပ်လက်မဲ့အမူးသမားကြီးကတော့ အသက် ၅၁ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ခဲ့ပြီး သူရဲ့အဓိပ္ပါယ်မဲ့လုပ်ရပ်ကို မလုပ်ခင် ကြောက်စိတ်ပြေအောင် အရက်သောက်ခဲ့တာဖြစ်တယ်လို့ မီးသတ်သမားတွေကို ပြောပြသွားပါတယ်။

Michelle - သစ်ထူးလွင်
Ref : Upi


မှတ်ချက်များ