လေသန့် စင်ဆေးရည်သောက်ရတာကို စွဲလန်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို သူမရဲ့ အဆိပ်အန္တရာယ်ရှိ တဲ့ အပြုအမူက သူမအသက်ကို ခြွှေနိုင်ကြောင်း ဆရာဝန်တွေက သတိပေးပြောကြားထားပါတယ်။
အသက် ၂၇ နှစ်အရွယ်၊ Evelyn ဟာ သူမရဲ့ ပါးစပ်ထဲ လေသန့် စင်ဆေးရည်ကို တစ်ရက်မှ မဖြန်းဘဲ မနေနိုင်သလို၊ Evelyn ဟာ ထိုဆေးရည်ကို ရေခဲလေးတောင် စိမ်ပြီး သောက်တတ်တယ်လို့ ဆိုပါတယ်။တစ်ပတ်ကို လေသန့် စင်ဘူး ၂၀ လောက် သောက်တတ်တဲ့ Evelyn ဟာ TLC ရုပ်သံလိုင်းရဲ့ My Strange Addiction အစီအစဉ်မှာ အခုလို ပြောပြခဲ့ပါတယ်။
“ Air freshener ကို ကျွန်မကြိုက်တယ်။ Air freshener လင်နင်ပိတ်အသစ်အနံ့ ကို မရဘဲ မနေနိုင်ဘူး။ ဒီအနံ့  ကို ကျွန်မလုံးဝစွဲနေတာ။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ ကျွန်မ Fresh Linen လေသန့် စင်ဆေးမသောက်ဘဲနေတဲ့ ရက် တစ်ရက်မှကို မရှိပါဘူး”
အမေရိကန်နိုင်ငံ၊ Missouri ပြည်နယ်မှာနေထိုင်သူ၊ ကလေးနှစ်ယောက်မိခင်ဟာ အဆိုပါမီးလောင်လွယ်တဲ့ အရည်ကို သောက်နေတာ နှစ်ပေါင်းများစွာရှိပြီးဖြစ်ပြီး သူမအမေဆုံးပြီးနောက်မှာ သူမရဲ့စွဲလန်းမှုက ပိုကြီး လာကြောင်းဝန်ခံခဲ့ပါတယ်။ Air freshener ကရတဲ့ အနံ့ ဟာ သူမအမေရဲ့ ဟင်းချက်လက်ရာတွေကို ပြန်အမှတ်ရစေတယ်လို့ Evelyn က ထပ်ပြောပြပါတယ်။
Evelyn ဟာ ဆရာဝန်ဆီသွားပြီး သူမရဲ့ စွဲလန်းမှုကြောင့် သူမခန္ဓာကိုယ်မှာ တာရှည်ပျက်စီးမှုတွေရှိနေလား ဆိုတာ သွားစစ်ဆေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ဟာ သူမရဲ့စွဲလန်းမှုကို သိရချိန်မှာ မျက်ရည်စက်လက်နဲ့  သူမကိုယ် သူမ သတ်နေသလိုဖြစ်နေတယ်လို့ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ Evelyn နဲ့ စေ့စပ်ထားတဲ့အမျိုးသား Ricky့ လည်း သူ့ ဇနီးလောင်းအတွက် စိတ်ပူမိကြောင်းနဲ့ သူမ စိတ်ကျေနပ်ဖို့ အတွက် သူလည်း air freshener ကို တစ်ခါတစ်လေ သောက်ပြရတယ်လို့ ဝန်ခံခဲ့ပါတယ်။
‘ တကယ့်ကိုမနှစ်မြို့ စရာ၊ ရွံစရာပါပဲ။ ဒါပေမယ့် သူက ဒါကိုကြိုက်တယ်လေ။ ကျွန်တော်ကလည်း သူ့ ကို ချစ်တော့ ဒါကို လက်ခံပေးရမှာပေါ့” လို့ နားလည်မှုအပြည့်အ၀ရှိတဲ့ Ricky က ပြောပါတယ်။Evelyn ဟာ ဆရာဝန်ဆီက စကားကြားပြီးနောက် သူမရဲ့ ထူးဆန်းတဲ့စွဲလန်းမှုကို ဖြတ်ဖို့ သန္နိဌာန်ချခဲ့ပြီး “ ဖြတ်ဖို့ ကတော်တော်ခက်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ရည်မှန်းချက်ကတော့ ဒါကြောင့် ကျွန်မ မသေဖို့ ပါ” လို့ တီဗီအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ