မြန်မာ ရေလုပ်သား ၉၀ ကျော်ကို ဘင်္ဂလာရေတပ် ဖမ်းဆီးဟုဆို
မြန်မာ ရေလုပ်သား ၉၀ ကျော်နှင့် ငါးဖမ်းစက်လှေ ၁၂ စီးကို ရေပိုင်နက်ကျူးလွန် ငါဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေတပ်က ဖမ်းဆီးလိုက်သည်ဟု ဘင်္ဂလီလိုရေးသားထားသည့် bdnews 24 သတင်းတွင် ဖော်ပြသည်။
မြန်မာနယ်စပ်နှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံအပိုင် စိန့်မာတင်ကျွန်း ၊ ရခိုင် အခေါ် အုန်းကျွန်း အနီး ပင်လယ်ပြင်တွင် ယင်း မြန်မာရေ လုပ်သား ၉၂ ဦးကို စက်လှေ ၁၂ စီးနှင့် အတူ ဘင်္ဂလာရေတပ်မှ ဖမ်းဆီးမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
မြန်မာ ရေလုပ်သား ဆိုသူများကို အင်္ဂါနေ့ နေ့လယ်ပိုင်းက ဘင်္ဂလာဒေ့ရှ် ရေတပ်မှ ကင်းလှည့် နေစဉ် ဖမ်းမိခြင်း ဖြစ်ပြီး ယခုအခါ သူတို့အား တက်ကနက် ရဲစခန်းသို့ လွဲပြောင်း ပေးလိုက်ပြီဟု ဆိုသည်။
ရေတပ်အရာရှိဖြစ်သူ S.M ဆိုင်းဖူးလ်အာလာမ် ကီဘရီယာ က ရေတပ်မှကင်းလှည့်နေစဉ် ငါးဖမ်း စက်လှေ ၁၂ စီးနှင့်အတူ မြန်မာ ရေလုပ်သား ၉၂ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မီဒီယာများသို့ ပြောသည်၊
ဖမ်းမိသူများကို တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဘင်္ဂလာအာဏာပိုင်များက ပြောသည်။
Arakan State

မှတ်ချက်များ