မှာချင်ဦးလေ လက်ဆောင်...
အမျိုးသမီးတစ်ဦးဟာ သင်တန်းတက်ဖို့အတွက် အင်္ဂလန်ကို နှစ်ပတ်ကြာ သွားရောက်ပါတယ်။
သူ့ရဲ့ခင်ပွန်းသည်က လေဆိပ်ကို လိုက်ပို့ပြီး ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေဖို့
ဆုတောင်းပေးပါတယ်။
ဇနီးသည် - "ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲ.. ယောက်ျား ရယ်။ ရှင့်အတွက် အင်္ဂလန်ကနေ
ဘာဝယ်လာခဲ့ရမလဲ"
ခင်ပွန်းသည် - (ရယ်မောလိုက်ပြီး) "အင်္ဂလိပ်မလေး တစ်ယောက် ၀ယ်လာခဲ့ကွာ"
နှစ်ပတ် ကြာပြီးတဲ့နောက် အမျိုးသားဟာ ဇနီးသည်ကို လေဆိပ်မှာ သွားပြန်ကြိုပါတယ်။
ခင်ပွန်းသည် - "ခရီးသွားရတာ ဘယ်လိုလဲကွ.. မိန်းမရေ"
ဇနီးသည် - "အစစအရာရာ အဆင်ပြေပါတယ်"
ခင်ပွန်းသည် - "ကိုယ်မှာလိုက်တဲ့ လက်ဆောင်ရော ပါခဲ့လား"
ဇနီးသည် - "ဘာလက်ဆောင်လဲ"
ခင်ပွန်းသည် - "အင်္ဂလိပ်မလေး တစ်ယောက်လေကွာ"
ဇနီးသည် - "အို.. ဒါလား။ ကျွန်မ တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပဲ။ ခုတော့
မိန်းကလေးဖြစ်မလားဆိုတာကို လေး၊ ငါးလလောက် စောင့်ကြည့်လိုက်ရင် သိရပါပြီ"
မို့မို့သော် ဘာသာပြန်သည်။ / Myanmar Time

မှတ်ချက်များ