မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာဖြစ်လာမည့် Myanmar National Telecom Holding Public Limited ၏ အကြံပေးကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရ သည့် ရိုလန်ဘာဂါကုမ္ပဏီသည် မြန်မာနိုင်ငံ နှင့် ကိုက်ညီမည့် စတုတ္ထမြောက်အော်ပရေတာ ၏ ပါတနာကို ရွေးချယ်ပေးသွားမည်ဖြစ် ကြောင်း ရွိုင်ရယ်ရတနာပုံမှ ဒါရိုက်တာဦးရှိန်း သူအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရိုလန်ဘာဂါက မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့်၊ သင့်တော်မယ့် နိုင်ငံခြားကုမ္ပဏီကိုတော့ရွေးချယ်ပေးမှာပေါ့။ အဲဒီ ရွေးချယ်တဲ့ကုမ္ပဏီကိုမှ တင်ဒါရွေးချယ်ရေးလုပ်ငန်းကော်မတီကပြန်စိစစ်ပြီးတော့ ရွေးချယ်ပေးမှာပါ" ဟု ၎င်းကပြောသည်။ ပြည်တွင်း ကုမ္ပဏီ ၁၁ ခုဖြင့်ဖွဲ့စည်းထား သော စတုတ္ထမြောက်အော်ပရေတာသည် ယင်းတို့၏ အကြံပေးကုမ္ပဏီအဖြစ် ဂျာမနီအခြေစိုက် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုဖြစ်သော ရိုလန်ဘာဂါနှင့် ဒီဇင်ဘာ၉ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိမြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင်
ဆက်သွယ်ရေးအော်ပရေတာ သုံးခုကမိုဘိုင်းဆက်သွယ်ရေး ဈေးကွက်ကို ပိုင်ဆိုင်ထားပြီးမြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာသည်လည်း သုံးစွဲသူများစိတ်ဝင်စားနိုင်မည့် ၀န်ဆောင်မှု
များဖြင့် ဈေးကွက်အတွင်းသို့ဝင်ရောက်လာနိုင် မည်ဟုဦးရှိန်းသူအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
"အခုဦးဆောင်နေတဲ့ အော်ပရေတာကြီး တွေကတော့ ဈေးနှုန်းတွေ၊ ပရိုမိုးရှင်းအားတွေအရမ်းကောင်းတော့ စတုထ္တမြောက်အော် ပရေတာအနေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ပထမနေရာ ဒုတိယနေရာရဖို့ကတော့ ခက်ခဲတယ်။ ဒါပေမဲ့ လက်ရှိအော်ပရေတာတွေက Voice communication ကို ဦးစားပေးပြီးလုပ်နေတာ ကိုတွေ့ရတယ်။ ဒီတော့နောက်ဖြစ်လာမယ့် ဆက်သွယ်ရေးအော်ပရေတာက အသံတွေ၊ ဒေတာတွေနဲ့လူအများလိုချင်နေတဲ့ value added service တွေကို တစ်ပြိုင်တည်းပေးလိုက် နိုင်ရင် လူအများ စိတ်ဝင်စားမှုကိုတော့
ရမှာပေါ့"ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။ ယင်း ပြည်တွင်းကုမ္ပဏီ ၁၁ ခုပါဝင်မည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၆ ခုနှစ်အတွင်းပေးအပ်သွားမည်ဖြစ်ကြောင်း အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးဦးချစ်ဝေက ပြောသည်။
"ကျွန်တော်တို့လိုင်စင်ကို အမြန်ဆုံးပေး နိုင်ဖို့တော့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ပါတနာရွေးတာတို့ အခြားကိစ္စ လေးတွေရှိနေတော့ နည်းနည်းကြာနေတာပါ။သေချာပါတယ်နောက်နှစ်ထဲမှာတော့ လိုင်စင် ပေးသွားမှာပါ။ အခု သူတို့ရဲ့ အကြံပေးကုမ္ပဏီဖြစ်တဲ့ ရိုလန်ဘာဂါက စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာရဲ့ Business Plan တွေကို ရေးဆွဲမယ်၊ နောက်ပြီး EO တင်ဒါခေါ်ရေးနဲ့ပူးပေါင်းပြီးလုပ်ဆောင်မယ့်နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ရွေးချယ်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
မိုဘိုင်းဖုန်းအသုံးပြုသူများသည်လည်း ဈေးနှုန်းသက်သာမှုနှင့် အရည်အသွေး ကောင်းမွန်မှုများကို နှစ်

သက်သောကြောင့် စတုတ္ထမြောက်အော်ပရေတာသည် ယင်းတို့၏ ၀န်ဆောင်မှုများကို ဈေးနှုန်းသက်သာမှုနဲ့အရည်အသွေးကောင်းမွန်မှုများ ပေးစွမ်းနိုင်ပါကဈေးကွက်အတွင်းသို့ ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း MIDO (Myanmar ICT for Development Organization) က ပရောဂျက်မန်နေဂျာ ဒေါ်ထိုက်ထိုက်အောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။
"အဓိကကတော့ ဝေလံခေါင်ဖျားတဲ့ နေရာ တွေမှာ အင်တာနက်တွေကို သုံးနိုင်ဖို့က အဓိကပါပဲ။ နောက်ပြီး သုံးစွဲသူတိုင်းက တော့ ဈေးနှုန်းသက်သာတာကို ကြိုက်ကြတာ ပဲ။ ဒါကြောင့် နောက်ဖြစ်လာမယ့် စတုတ္ထ

မြောက်အော်ပရေတာက ဈေးနှုန်း သက်သက်သာသာနဲ့ အရည်အသွေးပြည့်ဝတဲ့ ၀န်ဆောင် မှုမျိုးပေးမယ်ဆိုရင်တော့ ဈေးကွက်အတွင်းမှာ ထိုးဖောက်နိုင်တာပဲ။ နောက်ပြီး ယှဉ်ပြိုင် မှုကိုအားပေးတဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း ရေးဆွဲသင့်ပါတယ်"ဟု ၎င်းက မြန်မာ တိုင်း(မ်)ကို ပြောသည်။ မိုဘိုင်းဖုန်းအသုံးပြု
သူများသည်လည်း ယခုထက်ပိုမိုဈေးသက်သာမည့် ၀န်ဆောင်မှု များကို မျှော်လင့်နေကြောင်း
သုံးစွဲသူများ ထံ က သိရသည်။

"ဖုန်းတွေကတော့ အခုအများကြီးကိုင် နိုင်နေပြီ။ ကျွန်တော်တို့ကဖုန်းပြောဆိုခ နည်းလေကြိုက်လေပဲ။ အင်တာနက်အသုံးပြုခ အခုထက်လျှော့ပေးရင်ကြိုက်တယ်။ကျွန်တော် တို့က အင်တာနက်တွေ အသုံးပြုတာများ တော့ တစ်နေ့တစ်နေ့ဖုန်းဘေလ်ကနှစ်ထောင်လောက်တော့ကုန်တယ်။ ဒါ့ကြောင့် ဈေးနှုန်းတွေသက်သာလေလေ ကျွန်တော်ဖုန်းတွေသုံးရတာ အဆင်ပြေလေလေပဲ။ နောက် ဖုန်းကုမ္ပဏီက ဈေးနှုန်းသက်သက်သာသာ နဲ့ဝန်ဆောင်မှုပေးမယ်ဆိုရင်တော့ ဈေး သက်သာတဲ့ ဖုန်းကိုပဲ သုံးမှာ သေချာပါတယ်"ဟု
မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင် ကျော်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ကာတာအခြေစိုက် အူရီဒူးမြန်မာ၊နော်ဝေးအခြေစိုက် တယ်လီနောမြန်မာနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) တို့ က ၀န်ဆောင်မှုပေးလျက်ရှိသည်။
အောင်ကျော်ညွန့် - Myanmar Time

မှတ်ချက်များ