ဗေဒါရီရဲ့ဟင်းလျာ (ရှားစောင်းခါးကြော်)
ဒီတစ်ပတ် ဗေဒါရီရဲ့ လက်ရာကတော့ ရှားစောင်းခါးကြော်ပါ။ အရသာခါးသက်သက်လေးနဲ့
ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားကောင်းတဲ့ အရံဟင်းတစ်ခွက် ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ရှားစောင်းခါး အစိတ်သား
ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်သီးခွဲခြမ်း ထမင်းစားဇွန်း ၁ ဇွန်း
ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ်
ငါးပိနဲ့ ဆီ အနည်းငယ်
ကြက်သွန်ဖြူ ၄ မြွှာ
ကြက်သွန်နီ ၂ လုံး
ပြင်ဆင်ပုံ
ရှားစောင်းခါးတွေကို ထုပါ။
ထုပြီးတဲ့အခါ အရွယ်တော် ပိုင်းဖြတ်ပါ။
ပြီးတဲ့အခါ ရေဆေးပြီး အရည်ညှစ်ထုတ်ပစ်ပါ။
အားလုံး လုပ်ပြီးပြီဆိုရင် ကြက်သွန်ဖြူ၊နီနဲ့ ငရုတ်သီးခွဲခြမ်းကို ဆီသတ်ပါ။
ကြက်သွန်ကျက်ပြီး အနံ့မွှေးလာပြီဆိုရင် ပုစွန်ခြောက်မှုန့်နဲ့ ငါးပိထည့်မွှေပါ။
နှံ့သွားပြီဆိုရင် ရှားစောင်းခါးတွေ ထည့်ချက်ပါ။
ဆားနဲ့ ဟင်းခတ်မှုန့် ထည့်ပါ။
ရှားစောင်းခါးတွေ နွမ်းလာပြီဆိုရင် အပေါ့အငန် မြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်တယ်ဆိုရင်
မီးပိတ်လို့ရပါတယ်။
ဗေဒါရီ - Myanmar Time

မှတ်ချက်များ