နှစ်ပေါင်း ၂၀၀ကြာ ခန်းခြောက်နေခဲ့သော ရေတံခွန်ကြီးမှ ရေများစီးဆင်းလာ



ရာစုနှစ် ၂စုကြာ ခန်းခြောက်နေခဲ့တဲ့ ရေတံခွန်ကြီးတစ်ခုဟာ ဒတ်စ်မောင်း မုန်တိုင်းကြောင့် ပြန်လည်ရှင်သန် နိုးထလာခဲ့ပါတယ်။

ဒီခန်းခြောက်နေခဲ့တဲ့ ရေတံခွန်ကြီးကတော့ Malham Cove ထုံးကျောက်တောင်တန်းကြီးမှာပါ။ ဗြိတိန်နိုင်ငံရဲ့ Malham ရွာမြောက်ဘက်မှာရှိပါတယ်။ ဒီရေတံခွန်ဟာ ဗြိတိန်နိုင်ငံမှာ တစ်ဆက်တည်း အမြင့်ဆုံးရေတံခွန်လို့ ယုံကြည်ရပြီး အမြင့်ပေ ၂၀၀ရှိပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် ရေပြန်စီးဆင်းလာခဲ့တာပါ။

ဒါဟာ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ပထမဆုံး အကြိမ် ထူးထူးခြားခြား ရေပြန်စီးဆင်းခဲ့တာဖြစ်ပါတယ်။ တောင်ကြားဒေသရဲ့ ထိပ်က ကြီးမားလွန်းလှတဲ့ ထုံးကျောက် နံရံကြီးဟာ လှပလွန်းလှပါတယ်။

ဒီရေတံခွန်ကြီးကို ဟယ်ရီပေါ်တာ ဇာတ်လမ်းထဲမှာ ဟယ်ရီပေါ်တာ သွားရောက်ခဲ့တဲ့နေရာတွေအနက်က တစ်ခုအဖြစ် ရိုက်ကူးထားပါသေးတယ်။

Skyler - သစ်ထူးလွင်
Ref: Daily Mail

မှတ်ချက်များ