သကြား မပါတဲ့ အချိုရည်တွေဟာလည်း သွားတွေကိုပျက်စီးစေနိုင်


သကြားမပါတဲ့ အချိုရည်တွေနဲ့ ချိုချဉ်တွေဟာ သမရိုးကျအတိုင်း သွားတွေကို ထိခိုက်စေနိုင်မှု နည်းတယ်လို့ ယုံကြည်နေကြပေမယ့် ဒီလိုအစားအစာတွေဟာ သကြားနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေလိုပဲ သွားတွေကို ပျက်စီးစေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

သွားထိခိုက်ပျက်စီးမှုဟာ သွားအတွင်း တစ်ရှုးစတွေကို အက်ဆစ်တွေ စိမ့်ဝင်ပျံ့နှံ့တာကြောင့် သွားမျက်နှာပြင်တွေက စပြီးပျက်စီးလာတာဖြစ်ပါတယ်။

ပါးစပ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ သကြား သို့ ကာဘိုဟိုက်ဒရိတ်တွေကို စားသုံးပြီး အက်ဆစ်တွေပြန်လည်ထုတ်တာကြောင့် သကြားဓါတ်နည်းပါးတဲ့ အစားအစာတွေ စားသောက်ခြင်းက အက်ဆစ်ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

University of Melbourne က လေ့လာချက်အသစ်မှာ သကြားပါဝင်တဲ့ ဖျော်ရည်များနဲ့ မပါဝင်တဲ့ ဖျော်ရည်များကို နှိုင်းယှဉ်လေ့လာတဲ့အခါ သွားထိခိုက်ပျက်စီးစေမှုမှာ သိသာထင်ရှားတဲ့ ကွာဟချက်တွေမရှိဘူဆိုတာကို တွေ့ရှိရပါတယ်။

လေ့လာသူတွေက ကိုကာကိုလာ၊ ရေနဲ့ တခြား အားဖြည့်အချိုရည်တွေကို နှိုင်းယှဉ်လေ့လာခဲ့ပြီး ကိုကာကိုလားက သွားပျက်စီးမှုကို ပိုမိုဖြစ်ပွားစေပြီး ရေကတော့ ပျက်စီးမှုမရှိတာကို တွေ့ရပါသတဲ့။ အရည်၊ အမှုန့်ပုံစံ ဖျော်ရည်အားလုံးကလည်း သွားတွေကိုပျက်စီးစေပါတယ်။

သကြားပါဝင်တဲ့ အစားအစာတွေနဲ့ သကြားမပါဝင်တဲ့ ချိုချဉ်၊ မုန့်ဖုတ်ထားတဲ့ အစားအစာအားလုံးဟာ သွားပျက်စီးမှုကို ဖြစ်စေပြီး သစ်သီးအနံ့အရသာပါဝင်တဲ့ အစားအသောက်များ၊ အထူးသဖြင့် သံပုရာအနံ့အရသာပါဝင်တဲ့ အစားအသောက်တွေက ပိုပြီးတော့ ဆိုးဆိုးရွားရွားပျက်စီးစေတယ်လို့ သိရပါတယ်။

Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ