မီးသတ်သမားတွေဟာ နံရံကြား ခေါင်းညပ်နေတဲ့ ခွေးလေးကို ကယ်ဆယ်ခဲ့ရ


တရုတ်နိုင်ငံက မီးသတ်သမားတွေဟာ အုတ်နံရံရဲ့ အပေါက်ကလေးတစ်ပေါက်ကြားမှာ ခေါင်းညပ်နေတဲ့ ခွေးလေးတစ်ကောင်ကို သုံးနာရီကျော်ကြာ ကယ်ထုတ်ပေးဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။

Anhui စီရင်စုမှာ တနင်္ဂနွေနေ့က မီးသတ်သမားတွေဟာ ခွေးလေးကို ကယ်ထုတ်ဖို့လုပ်ဆောင်မှုတွေ မလုပ်ခင်မှာ ထိတ်လန့်နေတဲ့ ခွေးလေးကို ပွတ်သပ်ချော့မြူပေးကြရပုံ ဗီဒီယိုကိုလည်း တင်ထားခဲ့ကြပါသတဲ့။

မီးသတ်သမားတွေဟာ နံရံကအပေါက် အရွယ်အစားကိုချဲ့ဖို့အတွက် လွန်ပူနဲ့ထိုးဖောက်ပြီး ခွေးလေးကို ကယ်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
အာဏာပိုင်တွေအဆိုအရ ခွေးမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ