ဆီးရီးယားကို ဗုံးကြဲတာ မနှစ်မြို့တဲ့ ဗြိတိန် သူရစစ်သားကောင်းများက ဆုတံဆိပ်တွေ လွှင့်ပစ်ခဲ့ကြ


ဗြိတိန်နိုင်ငံ Westminster မြို့မှ လွှတ်တော်အမတ်တွေဟာ အစ္စလာမ္မစ်ပြည်ထောင်စု အစွန်းရောက်အုပ်စုကို ခြေမှုန်းဖို့ ကြိုးစားတဲ့အနေနဲ့ ဆီးရီးယားကို စစ်ရေးတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရှိခဲ့ပေမဲ့ ဆီးရီးယားကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ကျလာပါတယ်။ ၂၁ရာစုရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စစ်ပွဲဟာ အဖြေမဟုတ်ဘူးဆိုပြီး ငြိမ်းချမ်းရေးကိုယ်စားပြု စစ်မှုထမ်းဟောင်းများအဖွဲ့က ဆက်လက်ဆန္ဒပြနေပါတယ်။

ဒီအုပ်စုမှာ ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်၊ အာဖဂန် နဲ့ လစ်ဗျားတို့မှ စစ်မှုထမ်းဟောင်းတွေ ပါဝင်ခဲ့ပါတယ်။ RAF မှာ ၂၀၀၂ခုနှစ်ကနေ ၂၀၁၄ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း Daniel Lenham ဟာ သူ့ရဲ့ ဆုတံဆိပ်ကို 'တန်ဖိုးမရှိတဲ့ အပေါစားတန်ဆာ' ဟုဆိုက လွှင့်ပစ်ခဲ့ပါတယ်။

"ဒီလို စစ်ပွဲတွေ မလိုချင်တော့ဘူး။" လို့ သူကပြောခဲ့ပါတယ်။

Skyler - သစ်ထူးလွင်
Ref: Metro

မှတ်ချက်များ