![]() |
| ဓာတ်ပုံ - ရိုက်တာ |
ဘေဂျင်းတ၀ိုက် မီးခိုမြူတွေ အုံ့ဆိုင်းနေတဲ့အတွက် လောင်စာဆီသုံးကားတွေ မောင်းနှင်မှုကို အစိုးရက ကန့်သတ်ခံရပေမယ့် အီလက်ထရောနစ်ကား အသုံးပြုမှုကိုတော့ အစိုးရက ကန့်သတ်ခဲ့ခြင်း မရှိတဲ့အတွက် ကားဝယ်သူတွေက စိတ်ဝင်စားမှု မြင့်မားလာတာ ဖြစ်ပါတယ်။
အစိုးရက အနီရောင်အဆင့် သတ်မှတ်ပြီးတဲ့နောက် ရထားနဲ့ ဘတ်စ်ကားတွေကို တိုးမြှင့်ပြေးဆွဲခဲ့သလို အစိုးရကားတွေကိုလည်း အကန့်အသတ်နဲ့ မောင်းနှင်စေခဲ့ပါတယ်။
အနီရောင်အဆင့် သတ်မှတ်တာဟာ လေထုအခြေအနေ ဆိုးဝါးနေတာကို ပြသသလို အစိုးရက ဒီလို ကြေညာတာကို ၀မ်းသာတဲ့အကြောင်းနဲ့ လမ်းတွေပေါ်မှာ ကားတွေ ပြည့်ကြပ်နေတာကို လျှော့ချပြီး အရေးပေါ် လုပ်ဆောင်မှုတွေကို စတင်နေပြီလို့ ဒေသခံတဦးက ပြောပါတယ်။
DVB

မှတ်ချက်များ