ရှစ်နှစ်အရွယ် အိမ်အကူမိန်းကလေး နှိပ်စက်ခံရသည့်အမှု ဒီဇင်ဘာ ၂၁ ရက်နေ့ ပြန်လည်ချိန်းဆို


နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် Facebook စာမျက်ပေါ်တွင် ပျံ့နှံ့လာသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦး၏ နေအိမ်မှ ရှစ်ရွယ်အရွယ် အိမ်အကူမိန်းကလေး နှိပ်စက်ခံရသည့်အမှုကို ဒီဇင်ဘာ ၇ ရက်က ဦးတိုက်လျှောက်ထားရာ ဗဟန်းမြို့နယ် တရားရုံးမှ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီ ပြန်လည်ချိန်း ဆိုခဲ့ကြောင်း သိရသည်။

“ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ကနဦးဆေးစစ်ချက်ပဲ ရသေးတယ်။ နောက်ဆုံးထင်မြင်ချက် ဆေးစာမရသေးတဲ့အတွက် အရေးကြီးတဲ့သက်သေအချို့လည်း စစ်ဖို့ကျန်သေးတယ်”ဟု ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်မှ ပြောကြားခဲ့သည်။

ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၌ နေထိုင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦး၏နေအိမ်တွင် ရှစ်နှစ်အရွယ် မစုဝေဆိုသည့် အိမ်အကူမိန်းကလေးအား ၄င်းအိမ်ရှိ အိမ်ဖော်အမျိုးသမီး မသန်းသန်းနွဲ့က နေပူလှန်းခြင်း၊ ကြိုးတုပ်ကာ မတရားရိုက်နှက်ခြင်းတို့ကို ပြုလုပ်နေသည့် ဓာတ်ပုံကို အိမ်နီးချင်းဖြစ်သူ ကိုစည်သူမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်ခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးအား နှိပ်စက်သူ အိမ်ဖော်အမျိုးသမီး မသန်းသန်းနွဲ့ (၄၂)နှစ်၊ ထန်းသုံးပင်ရွာ၊ တောင်ငူမြို့နေသူအား (ပ)၄၆၅/၂၀၁၅ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဗဟန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်စန်းစန်းထွေးမှ တရားလိုပြု အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

News Watch : စောင့်ကြည့်သတင်းဂျာနယ်

မှတ်ချက်များ