ကမ်းနားလမ်းရှိ အငှားအိမ်ရာများကို သားစဉ်မြေးဆက် နေထိုင်ခွင့်ပြုမည်


ငှားရမ်းနေထိုင်ချင်သူများ လျှောက် လွှာတင်သွင်းရာတွင် ကမ်းနားလမ်း တစ်လျှောက်ရှိဆိပ်ကမ်းမြေ၊ အစိုးရမြေ၊ စည်ပင်သာယာက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၌ ယာယီတဲများဖြင့် နေထိုင်ပြီး သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်ကြားထားသည့် မိသားစုများ ဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်စုဇယားနှင့် အမျိုးသားမှတ်ပုံတင်ကတ်တို့ကို တင်ပြနိုင်ရ မည်ဖြစ်သည်။

လျှောက်လွှာစည်းကမ်းချက် များအရ လျှောက်ထားတင်ပြသည့်မိသားစု များသည် ပြစ်မှုမှတ်တမ်း ကင်းရှင်းရမည် ဖြစ်ပြီး တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူရန်အမှုအခင်းရင်ဆိုင်နေသူများ မဖြစ်စေ ရဟုလည်း ပါရှိသည်။ တိုက်ခန်းငှားခမှာ သင့်တင့်မျှတသည့်ပမာဏဖြစ်သော်လည်း ရေမီတာဖိုး၊ လျှပ်စစ် မီးဖိုး အားလုံးပေးဆောင်ရမည်ဖြစ်ရာ အိမ်ရာမဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် နေထိုင်သူများအတွက် အနည်းငယ်လျှော့ပေါ့ ပြီးစဉ်းစားပေးစေလိုကြောင်း တင်ပြလာကြသည့်အတွက် ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်းဦးခင်မောင်တင့်က ဆိုသည်။ "အခုဆောက်ပေးထားတဲ့ အိမ်ရာတွေရဲ့ ဖောင်ဒေးရှင်းကိုရှစ်လက်မနဲ့ အရှည်ပေ ၂၀ ရှိတဲ့ ကွန်ကရစ်ပိုင်တွေကို ဖောင်ဒေးရှင်းထား ဆောက်ထားတာတွေပါ"ဟု အဆောက်အအုံဌာနခွဲမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

myanmar.mmtimes

မှတ်ချက်များ