ဘ၀င်မြင့်တတ်သူမှန်း သိသာတဲ့ အချက် (၆)ချက်
ဘယ်ကိစ္စကိုမှ နားလည်ပေးဖို့မကြိုးစားသလို တခြားသူတွေကို ရှိတယ်လို့တောင် မထင်ပါဘူး။
၁။ စကားပြောတိုင်း ကိုယ့်အကြောင်းပဲ များများပြောတတ်တယ်။
တခြားသူရဲ့ ကိစ္စပြောနေရင်းနဲ့တောင် ပြောနေတဲ့စကားက ကိုယ့်အကြောင်းဘက်ပဲ လှည့်သွားတတ်ပါတယ်။
၂။ တခြားသူတွေကို မရှိသလို လိုတာထက်ပိုပြီး ဥပေက္ခာပြုထားတယ်။
လူတိုင်းမှာ ရိုသေသမှုဆိုတာ ရှိပါတယ်။ သူတို့ကတော့ ရိုင်းရိုင်းပျပျမလုပ်ရင်တောင် ဘေးလူတွေကို ဂရုစိုက်ရကောင်းမှန်းမသိပါဘူး။
၃။ အမြဲ ခေါင်းဆောင်လုပ်ချင်တယ်။
ဘယ်လိုကိစ္စမျိုးကိုမဆို သူတို့ကပဲ ဦးစီးဦးဆောင် အကောင်အထည်ဖော် ပြောဆိုလုပ်ကိုင်ချင်တယ်။
၎။ တခြားလူတွေ စိတ်မ၀င်စားလောက်တဲ့အထိ စကားတွေ လိုတာထက်ပိုပြောတယ်။
စကားကောင်းကောင်းပြောတတ်သူဟာ ကိုယ်ကချည်းပဲမပြောပါဘူး။ အပြန်အလှန်ပြောဆိုတဲ့ ပုံစံကျင့်သုံးပါတယ်။ သူတို့ကတော့ အဲ့လိုမလုပ်ပါဘူး။
၅။ နားလည်မပေးဘူး။
ဘယ်ကိစ္စကိုမှ နားလည်ပေးဖို့မကြိုးစားသလို တခြားသူတွေကို ရှိတယ်လို့တောင် မထင်ပါဘူး။
၆။ တခြားလူတစ်ယောက် တစ်ခုခုပြောချင်ရင်တောင် အခွင့်အရေးမပေးဘူး။
ကိုယ်တော်ကြောင်းတတ်ကြောင်းပြချင်တဲ့စိတ်များနေတဲ့အတွက် တခြားလူတစ်ယောက် တော်တာကို လူသိမှာ မလိုလားဘူး။ တခြားလူတစ်ယောက် ကိုယ့်ထက်ပိုသိလို့ တတ်လို့ ပြောတာကို အပြောမခံဘဲ ပိတ်ပင်တတ်ပါတယ်။
Source : pgeveryday
Credit: duwun

မှတ်ချက်များ