တရုတ်နိုင်ငံက လူပြောများနေတဲ့ ၁၆ နှစ်သားကလေးငယ်နှစ်ဦးရဲ့ မင်္ဂလာဆောင်
တရုတ်နိုင်ငံက ၁၆ နှစ်သားနဲ့ ၁၆ နှစ်သမီး ကလေးနှစ်ဦးရဲ့ မင်္ဂ လာဆောင်အခမ်းအနားအကြောင်းက တရုတ်ဆိုရှယ်နက်ဝက်မှာ လူပြောများပြီး ပေါ်ပြူလာဖြစ်နေပါတယ်။ ငယ်ငယ်လေးနဲ့ မင်္ဂလာ ဆောင်တယ်ဆိုတဲ့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ ဓာတ်ပုံတွေက ကြည့်လိုက်တာနဲ့ လူကဲ့ရဲ့ရှုံ့ချခြင်စရာဖြစ်တာကြောင့် လူပြောများ ခဲ့တာပဲ ဖြစ်ပါတယ်။
နန်နင်း ပြည်တွင်းသတင်းအချို့ရဲ့ ဖော်ပြချက်ထဲမှာဆိုရင် သတို့ သားက အသက် ၁၃ နှစ်နဲ့ သတို့သမီးထက်ပိုမိုငယ်ရွယ်ပြီး သတို့ သမီးကလည်း ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်းလည်း အတင်း အဖျင်းစကားများ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
မင်္ဂလာမောင်နှံနှစ်ဦးသားရဲ့ အသက်အရွယ်နဲ့ကလေးသာသာအနေ အထားနဲ့ လက်ထက်လိုက်ခြင်းကြောင်း ရှုံ့ချဝေဖန်စကားတွေအ ပေါ် ကာယကံရှင်မင်္ဂလာမောင်နှံတို့ကလည်း သူတို့အနေနဲ့ အ သက်အရွယ်ချင်း အတူတူဖြစ်ပြီး အိမ် ထောင်ပြုဖို့လူကြီးတွေအဖြစ် ပြောင်းလဲနေထိုင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတို့ သား အနေနဲ့ကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အချိန် ပိုင်းအလုပ်တွေလုပ်ကိုင်ပြီး ဝင်ငွေတွေရှာဖွေနေပြီ ဖြစ်ကြောင်းပြန် လည် ရှင်းလင်းပြောပြထားပါတယ်။
သူတို့ရဲ့ ဒီမင်္ဂလာဆောင်ပွဲကို နှစ်ဖက်မိဘဖြစ်သူတွေနဲ့ ဆွေမျိုးမိတ် သဟာတွေကို ဧည့်ခံကျွေးမွေးပြီး ပျော်ပျော်ရွှင်ရွှင်ကျင်းပနိုင်ခဲ့တယ် လို့လည်း သိရပါတယ်။
Phothutaw

မှတ်ချက်များ