တုတ်ပြီး ဓားပြီးကြောင်းပြော၍ ဓားဖြင့်ထိုးကြည့်ရာမှသေဆုံး
စဥ့်ကူးမြို့နယ် ရွှေကျင်ကျေး ရွာ ပျံကျရွှေတောတွင်နေထိုင်သော မောင်ထွန်းအသက်(၄ဝ)၊ဝင်းအောင် (၄၈နှစ်)၊ကန်ဘက်ကျေးရွာသပိတ် ကျင်းမြို့နယ်မောင်ကျော်(၃၈နှစ်)၊ တင့်ဆန်း(၅၄နှစ်) ဇရပ်ကွင်းကျေး ရွာ သပိတ်ကျင်းမြို့နယ်နေသူတို့ လေးဦးသည် ရွှေလုပ်ကွက် အလုပ် သမားတန်းလျားတွင် အရက်အတူ သောက်နေစဉ် မောင်ထွန်းက ၄င်း မှာတုတ်ပြီး ဓားပြီးကြောင်း မကြာ ခဏနောက်ပြောင်ပြောဆိုနေသဖြင့် ဝင်းအောင်က ငါထိုးကြည့်မည်ဟု ပြောကာ အနီးရှိအရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် မောင် ထွန်း၏ယာပေါင်ကို ထိုးခဲ့သည်။
ထို့နောက်၎င်းတို့လေးဦးအိပ်နေစဉ် ၁ဝမိနစ်ခန့်အကြာ တင့်ဆန်းက အိပ်ရာနိုးလာပြီး မောင်ထွန်းအား ကြည့်ရာယာပေါင်မှသွေးများထွက် နေသည်ကိုတွေ့ရသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းထံ အကြောင်းကြားပြီး ပြန်လာစဉ် မောင်ထွန်းမှာ သေဆုံးနေကြောင်း တွေ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးက တိုင်တန်း၍ ဝင်းအောင်အား စဥ့်ကူးမြို့မရဲစခန်းက(ပ)၅/၂ဝ၁၆ ပြစ်မှုပုဒ်မ၃ဝ၂ အရဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily

မှတ်ချက်များ