ဖာလူဒါ လုပ်နည်း

၂ ခွက်စာလေးဘဲ လုပ်တာမို့..လက်မှန်းနဲ့ မြည်းစမ်းကြည့်ရင်း လုပ်ထားတာလို့. ပါဝင်ပစ္စည်းတွေကို အတိအကျ ရေးဘို့ ခက်နေတယ်..။ ခန့်မှန်းချေလေး ရေးပေးလိုက်ပါတယ်..၊
ဖာလူဒါ က အန္ဒိယ အစားစာမို့ သူတို့တွေ ဘယ်လိုလုပ် ဆိုတာ သွားရှာဖတ်ကြည့်တော့ cardamon အမှုန့်ထည့်ကြတယ်..၊ မမီးတို့က မျှော့ချောင်း၊ ကျောက်ကျော ချောင်းတွေ အသုံးပြုပေမဲ့ သူတို့ကတော့ falooda sev လို့ ခေါ်တဲ့ ကြာဆံလို အချောင်းလေးတွေ သုံးကြတယ်..။

အိမ်လုပ် ဖာလူဒါလေးမို့ အိမ်မှာ ရှိတဲ့ အလွယ်တကူ ရနိုင်တာတွေနဲ့ အစားထိုးပီးတော့သာ လုပ်ကြပါကုန်။ ပါဝင်ပစ္စည်းတွေ စုံစုံလင်လင် ပါရင် မျက်စိပသာဒ ကျပေမဲ့ အဓိကကျတာတော့ ရေခဲမုန့်၊ ပူတင်း၊ ပင်ပွားစေ့၊ နို့၊ နှင်းဆီရနံ့ တို့ပါ။

များများလုပ်တာ မဟုတ်တော့ ..ပူတင်းကိုလည်း ကြက်ဥ ၁ လုံး ကို သကြား ၂ စားပွဲဇွန်းနဲ့ခေါက်..နွားနို့ ၁၀၀ မီလီလီတာရော၊ ဂျုံမှုန့် ၁/၂ စားပွဲဇွန်း ဇကာလေးနဲ့ စစ် ဖြန့်ထည့်မွှေပေးပီး..ပေါင်းလိုက်တယ်..
ပါဝင်ပစ္စည်းများ

1. ပင်ပွားစေ့
2. နို့
3. ကျောက်ကျော
4. ရေခဲမုန့်
5. အစာ ဆိုးဆေး ( အနီ၊ အစိမ်း၊ အ၀ါရောင်)
6. သာကူ
7. နှင်းဆီ ရနံ့
8. မုန့်လက်ဆောင်းဖတ် လုပ်နည်း http://media.wix.com/…/32a42b_362b21614dec497f874c634598caf…
9. ပူတင်း (https://www.facebook.com/126426514367385/photos/pb.126426514367385.-2207520000.1442803006./159253524418017/?type=1&theater
ပြုလုပ်ပုံ

1. ပင်ပွားစေ့ ၂ လဘဇ ကို ရေ ၂-၃ နာရီစိမ်ပါ။ သုံးမယ် ဆိုတဲ့ အခါ အပေါက်ပါတဲ့ ဇွန်းလေးနဲ့ ရေစစ်ပီး ခပ်ယူထည့်ပါ။

2. နို့ ၄၀၀ မီလီလီတာ ကို ဆူ လာရုံလေး ကျိုပါ၊ သကြား ၅ စပဇ ထည့်မွှေ၊ အအေးခံပီးမှ နှင်းဆီနံ့ ၄ စက် နှင့် အနီရောင် ၁ စက် ထည့်မွှေပေးပီး ရေခဲသေတ္တာ ထဲတွင်ထည့်ထားပါ။

3. တယ်လီဖုန်းတံဆိပ် ကျောက်ကျောမှုန့်၅ ပုံ ၁ပုံကို သကြား ၃ စပဇ ဖြင့် မွှေပါ၊ ရေဆူ ၃၀၀ မီလီလီတာတွင် ထည့်မွှေပီး ကြိုပါ(ခပ်မာမာလေး ကြိုပါ)၊ ကိုယ်သုံးမည့် အရောင် အမျိုးမျိုး အပေါ်မူတည်ပီး ခွက် ၃ ခုတွင် အညီမျှ ခွဲထည့်ပီး အေ၇ာင်ဆိုးပါ။ ခဲသော အခါ အတုံးလေးများတုန်းထားပါ။ (အရောင်ဆိုးဆေးသုံးတဲ့ အခါ ဇွန်းတဇွန်းပေါ် ရေ အနည်းငယ်ထည့်၊ အရောင် ၁စက်လောင်းချ၊ မွှေပီးမှ ကျောက်ကျောခွက်ထဲ တစက်ချင်းစီ ချပီး မွှေပေးရင် အရောင်လက်လွန်သွားတာမျိုး မဖြစ်တော့ဘူး..။)

4. သာကူ ၂ စားပွဲဇွန်းကို နာရီဝက် ရေစိမ်ပီး ရေစစ်ထားပါ။ ဆူပွက်နေသော ရေများများဖြင့် မျက်စေ့ပျောက်သည့် အထိကျိုပါ။ ဇကာတွင် စစ်ချ၊ ရေအေးလောင်းပီး ခွက်တခုတွင်ထည့်ပါ။

5. မုန့်လက်ဆောင်းဖတ်လုပ်ပါ.။

6. ကြက်ဥပူတင်းလုပ်ထားပါ။

7. အားလုံး အသင့်ဖြစ်တဲ့အခါ ..ပါဝင်ပစ္စည်းတွေ ထည့်ပီး၊ ရေခဲမုန့်လေး ထည့်၊ ဖာလူဒါ ချိုအေးမွှေးလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပီ..။

Meemeetofu

မှတ်ချက်များ