အားပါးတရ ငိုကြွေးခြင်းရဲ့ ရလဒ်ကောင်း (၅) ခု


လူရယ်လို့ဖြစ်လာရင် ငိုလိုက်၊ ရယ်လိုက်၊ ပျော်လိုက်၊ ဝမ်းနည်းလိုက်နဲ့ ခံစားချက်မျိုးစုံ ကြုံတွေ့ရမှာပါ။ အဲ့ဒီခံစားချက်တွေထဲမှာ ငိုကြွေးခြင်းကိုတော့ ဘယ်သူမှမကြိုက်ကြပါဘူး။ သို့ပေမဲ့လည်း ငိုခြင်းမှာ လူတွေကို အထောက်အကူပြုတဲ့အချက်တွေလည်းရှိနေပါတယ်။ သုတေသနပြုလုပ်သူတွေရဲ့အဆိုအရ အမျိုးသမီးတွေဟာ တစ်နှစ်မှာ ပျမ်းမျှ ၄၇ ကြိမ် ငိုလေ့ရှိပြီး အမျိုးသားတွေကတော့ ၇ ကြိမ် ငိုလေ့ရှိပါသတဲ့။ စိတ်ကိုချုပ်တည်းထားရတာထက်စာရင် အားရအောင်ငိုချလိုက်ခြင်းဟာ ကျန်းမာရေးကောင်းအောင် ဘယ်လိုအထောက်အကူပြုနေလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုလျော့စေ

ဒါကတော့ လူတိုင်းခံစားဖူးမယ်ထင်ပါတယ်။ စိတ်အရမ်းရှုပ်နေ၊ ၀မ်းနည်းမှုတွေအရမ်းများနေတဲ့အခါမှာ အားပါးတရငိုချလိုက်တာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေသလို ပေါ့ပါးလန်းဆန်းမှုကိုလည်းပေးပါတယ်။

၂။ သွေးဖိအားလျှော့ချပေး

သွေးတိုးနေချိန်မှာ ငိုလိုက်ရင် သွေးဖိအားကို ပုံမှန်အနေအထားတစ်ခုရောက်အောင် လျှော့ချပေးတယ်လို့ သုတေသီများက ဆိုပါတယ်။

၃။ အဆိပ်အတောက်တွေဖယ်ရှား

မျက်ရည်က လူကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အစွမ်းရှိပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ ဓာတုအဆိပ်အတောက်တွေ ကိုယ်ထဲမှာရှိနေတဲ့အခါ ငိုလိုက်ရင် မျက်ရည်ကနေတစ်ဆင့် ဖယ်ရှားပြီးသားဖြစ်သွားပါတယ်။

၎။ ကိုယ်ထဲက မဂ္ဂနိစ်ကို လျော့ကျစေ

မဂ္ဂနိစ်ဆိုတာက စိတ်ခံစားမှုကိုထိခိုက်စေနိုင်တဲ့ လူ့ကိုယ်ထဲက သဘာဝဓာတ်တစ်ခုပါ။ မဂ္ဂနိစ်အရမ်းမြင့်တက်နေတဲ့လူတစ်ယောက်က ငိုလိုက်ရင် မဂ္ဂနိစ် ၃၀ ရာခိုင်နှုန်းလောက်ကို လျော့ကျသွားတယ်လို့ သုတေသနရလဒ်တွေ ရှိပါတယ်။

၅။ စိတ်ပါလက်ပါငိုတာက လူသားဆန်တယ်

ငိုတယ်ဆိုတာ စိတ်ခံစားချက်တွေကို လွှတ်ပေးတဲ့သဘောပါ။ လူတစ်ယောက်က ဘ၀တစ်လျှောက်မှာ အဆင်ပြေပြေနဲ့ အကောင်းဆုံးဖြတ်သန်းခွင့်ရဖို့ဆိုရင် ကိုယ့်စိတ်ခံစားချက်ကို အကောင်းဆုံးအနေအထားတစ်ခုရောက်အောင် ထားတတ်မှလွယ်ကူမှာပါ။ ကိုယ့်စိတ်ထဲက ငိုချင်တဲ့စိတ်ဖြစ်လာတဲ့အခါမှာ စိတ်ရှိလက်ရှိငိုလိုက်တာက လူတစ်ယောက်အနေနဲ့ လူပီသတဲ့လုပ်ရပ်တစ်ခုကိုလုပ်လိုက်တာပါပဲ။

Source : agingcare
duwun

မှတ်ချက်များ