မဟာမဲခေါင်နှင့် ကြောက်ခမန်းလိလိ ဆော့ကစားနေကြသူများ


မဲခေါင်မြစ်ထဲက ငါးများသည် သူတို့လိုအပ် သည့် ပရိုတိန်းအာဟာရဓာတ်ကို ပေးပြီး မဲခေါင်မြစ်ဝကျွန်း
ပေါ်ဒေသကြီးမှာ ကမ္ဘာ့ စပါးကျီ၊ ကမ္ဘာ့ဆန်အိုးကြီးဖြစ်နေသည်။ ထို့ကြောင့် ထိုင်း၊ သို့မဟုတ် လာအိုဘာသာဖြင့် 'မြစ်တို့၏မာတာမိခင်' (Mother of Rivers) ဟု အဓိပ္ပာယ်ပေါက်သည့် 'မဲခေါင်'ဟူသောနာမည်
သည်လည်း အံ့ဖွယ်မဟုတ်တော့။တရုတ်အစိုးရသည် ယူနန်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ပိုင်းပေါ်တွင် တည်ဆောက်ရန် စီမံကိန်းရေးဆွဲပြီး၊ သို့မဟုတ် တည်ဆောက်ဆဲဆည်ပေါင်း ၁၄ ခုရှိနေရာ ခြောက်ခုမှာ တည်ဆောက်ပြီးဖြစ်သည်။

လောလောဆယ် ၌ တရုတ်နိုင်ငံအောက်ဘက် မဲခေါင်မြစ် ပေါ်တွင် ဆည်များဆောက်လုပ်ခြင်းမရှိသေးသော်လည်း မကြာမြင့်မီမှာပင် အခြေအနေ ပြောင်းလဲသွားဖွယ်ရှိနေသည်။ လာအိုနိုင်ငံ ကလည်း မဲခေါင်မြစ်ပေါ်တွင် တည်ဆောက် ရန် စီမံကိန်းဆွဲပြီး၊ သို့မဟုတ် တည်ဆောက်ဆဲ ဆည်ပေါင်း ကိုးခုရှိနေပြီး
ကမ္ဘောဒီးယားနိုင်ငံ က မဲခေါင်မြစ်ပေါ်၌ တည်ဆောက်ရန် ဆည်နှစ်ခုရှိနေသည်။

မဲခေါင်မြစ်လက်တက် အသီးသီး၌လည်း ဆည်များတည်ဆောက် ဦးမည့် အလားအလာရှိနေသေးသည်။ဆည်များမှ လျှပ်စစ်စွမ်းအင်နှင့် အလွန်လိုအပ်သောငွေကိုလည်း ရရှိမည်ဖြစ်သည်။ဆင်းရဲပြီး ကုန်းပတ်
လည် ဝန်းရံနေသော လာအိုနိုင်ငံသည် ထိုင်းနှင့် အခြားနိုင်ငံများသို့ လျှပ်စစ်စွမ်းအင် ရောင်းချခြင်းဖြင့်အရှေ့ တောင်အာရှဒေသအတွက် လျှပ်စစ်စွမ်းအင် ထုတ်ပေးသည့် လျှပ်စစ်ဒိုင်နမိုနိုင်ငံ ဖြစ်လို နေသည်။

The Myanmar Times

မှတ်ချက်များ