၂၀၀၃ ခုနှစ်ခန့်က ရန်ကုန်မြို့နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်မစီးရလို့ တားမြစ်လိုက်တဲ့ အချိန်မှာတော့ကိုတင့်နဲ့ သူ့မိတ်ဆွေ ဆိုင်ကယ်ဝါသနာအိုးတွေစုပြီး အခါအားလျော်စွာ နိုင်ငံတစ်ဝန်းကဆိုင်ကယ်စီးလို့ရတဲ့ လမ်းတွေပေါ်မှာ ထွက်စီးပါတော့တယ်။
မော်တော်ဆိုင်ကယ်တွေကို ဥရောပနဲ့ အမေရိကန်နိုင်ငံထိ ခြေဆန့်ရှာဖွေရင်း ၀ယ်ယူစုဆောင်း
လာလိုက်တာ ခုဆို သူ့မှာ ဆိုင်ကယ်အစီးပေါင်း ၁၀၀ ကျော် စုဆောင်းမိနေပါပြီ။
ဆိုင်ကယ်သမား ကိုတင့်ရဲ့ စိတ်ကူးတစ်ခုကတော့ ဆိုင်ကယ်ဝါသနာပါတဲ့ နောက်လာနောင်သားတွေ
လေ့လာနိုင်ဖို့ သူစုဆောင်းထားတဲ့ ဆိုင်ကယ်တွေ (ဒုတိယကမ္ဘာစစ်ကျန် ဆိုင်ကယ်အပါအ၀င်ယနေ့ထုတဆိုင်ကယ်တွေထိပါ) ပြသထားလို့ရတဲ့ ပြတိုက်တစ်ခု တည်ထောင်ဖို့ပဲဖြစ်ပါတယ်။
"အရေးအခင်း မတိုင်ခင်ကတည်းက ကျွန်တော် ဆိုင်ကယ် စစီးနေပြီ။ အဲဒီတုန်းက ဂျပန်ဘီးတွေကိုမျိုးစုံစီးပါတယ်။ ကျွန်တော့်အစ်မတစ်ယောက်က ယူကေနိုင်ငံလုပ် BSA ဆိုင်ကယ်တစ်စီး ကျွန်တော့်ကိုပေးစီးပါ
တယ်။ အဲဒီဆိုင်ကယ် စစီးလိုက်တဲ့အချိန်မှာ အနောက်နိုင်ငံတွေက ဘီးတွေရဲ့အရည်အသွေးက ဂျပန်ဘီးတွေရဲ့ အရည်အသွေးထက် စီးရတာ တည်ငြိမ်တယ်၊ စီးစီးပိုင်ပိုင်ရှိတယ်ဆိုပြီး ကျွန်တော် အနောက်နိုင်ငံကဘီးတွေကို စတင် စိတ်ဝင်စားလာတယ်"လို့ ကိုတင့်ကပြောပါတယ်။
The Myanmar Times
The Myanmar Times

မှတ်ချက်များ