ငါတို့ဗိုလ်ချုပ် . . .
မြန်မာ့ လွတ်လပ်ရေး ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့တာ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၁၀၁ နှစ်ရှိခဲ့ပါပြီ။ အဲဒီနှစ်ပေါင်း ၁၀၁ နှစ်ထဲမှာ အသက်ရှင်ရပ်တည်ခွင့်ရခဲ့တဲ့ နှစ်ဟာ ၃၂ နှစ်သာ ရှိခဲ့ပါတယ်။
အဲဒီအသက်ရှင်ရပ်တည်ခွင့် ရခဲ့တဲ့ ၃၂ နှစ်တာကာလထဲမှာ လည်း တိုင်းပြည်လွတ်လပ်ရေး ရရှိဖို့၊ နိုင်ငံသားအခွင့်အရေးတွေ မဆုံးရှုံးစေဖို့အတွက် ကိုယ်ကျိုး စွန့် အနစ်နာခံ လုပ်ဆောင်ခဲ့မှု ပေါင်း မြောက်မြားစွာရှိခဲ့ပါတယ်။ အဲဒါကို သမိုင်းကမှတ်တမ်းတင် ထားတာရှိသလို ပြည်သူလူထုရဲ့ နှလုံးအိမ်ထဲမှာလည်း အစဉ်ကိန်း အောင်းလျက် ရှိနေပါတယ်။ ဒါ ကြောင့်လည်း ဒီကနေ့ကာလအ ထိ အမျိုးသားခေါင်းဆောင်ကြီး အဖြစ် အသိအမှတ်ပြုထားခြင်းခံ ရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။
‘‘ဒီဗမာပြည်မှာ တိုင်းပြည် အတွက် ကျုပ်တို့ထက် ပိုလုပ်တဲ့ လူ၊ အနစ်နာခံတဲ့လူ မရှိဘူးဆို တာ ကျုပ်ပြောရဲတယ်။ ကျုပ်ဆို လို့ရှိရင် ဂျပန်လက်ထက်မှာဖြစ် ဖြစ်၊ အခုဖြစ်ဖြစ် ကျုပ်လိုချင်ရင်လိုချင်တဲ့ ရာထူးရဖို့ မခဲယဉ်းပါဘူး။ ဂျပန်တွေတုန်းကမင်းတောင် ရှင် ဘုရင်ဖြစ်နိုင်သားပဲ ဆိုတဲ့ စကားမျိုးအပြောခံရတာပဲ။ ဒါပေမဲ့ ကျုပ်ဒီလို ရာထူးတွေကိုသာ ရည်ရွယ်ပြီး နိုင်ငံရေးလုပ်ချင်ရင် အစကတည်းက ဒီလောက်ခဲယဉ်းပင်ပန်းတဲ့ နိုင်ငံရေးမလုပ်ဘူးမှတ် ပါ။ အခုဒီလောက် ခဲယဉ်းပင်ပန်း ဘေးများတဲ့ အလုပ်ကိုလုပ်တယ် ဆိုတာ တိုင်းပြည်လွတ်လပ်ရေး လိုချင်လို့ပဲ’’
ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် အတွက် ဘယ်လောက်အထိ အ လုပ်လုပ်ခဲ့တယ်ဆိုတဲ့ သာဓက ပြနိုင်တဲ့ စကားတချို့ကို ၁၉၄၅ သြဂုတ် ၁၉ ရက်က ကန်တော်ကြီး နေသူရိန်ကပွဲရုံမှာ ကျင်းပတဲ့မြို့ လုံးကျွတ်လူထုအစည်းအဝေးကြီး မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်ကိုယ်တိုင် ထည့်သွင်း ပြောဆိုခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ ပြောတဲ့အတိုင်းလည်း လုပ်ခဲ့တာကို ကိုယ်တွေ့ကြုံသူတို့ရဲ့ မှတ်တမ်းများ၊ ပြောဆိုချက်များ၊ သမိုင်းဖြစ်ရပ်များက သက်သေထူနေပါတယ်။
ဒီကနေ့ကာလနဲ့ နှိုင်းယှဉ်ပြီး မှတ်သားသင့်၊ မှတ်သားထိုက်၊ သတိမူထိုက်တဲ့စကားတချို့ကို လည်း ပြောကြားခဲ့ပါသေးတယ်။ အဲဒါကတော့ ၁၉၄၇ မေလ ၁၉ ရက်မှာပြောကြားခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့် ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ တာ ဖြစ်ပါတယ်။
‘‘အစိုးရဆိုတဲ့ အာဏာဟာ အင်မတန်အဖိုးတန် အသုံးဝင် တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့ လူ တွေအချင်းချင်း လုကြတယ်။ ရ ရင်လည်း လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာက တော့ အဲဒီထဲမှာ တုတ်လုပ်ပြီး အရိုက်ခံရမယ့်အခါကျမှ ပါရ တာပဲ။ ဒီလိုအာဏာလုကြတဲ့အ ခါ ‘‘ဒီမိုကရေစီ’’ဆိုပြီး ‘‘ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အာဏာ’’လို့ ကြွေး ကြော်ဟစ်အော်ပြီးညာတဲ့ စနစ် တွေလည်း ရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက ‘အစိုးရ’ အာဏာအပ်လိုက်တုန်းက ကျုပ် တို့အတွက် ကောင်းအောင်လုပ် ပေးပါဆိုပြီး အာဏာအပ်လိုက် တာပဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျား
တို့အုပ်စိုးတဲ့ လူတွေအတွက် နှိပ် ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်နေတာပဲ’’ဆိုပြီး မိန့်ကြားခဲ့ပါ တယ်။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအလွန် နှစ်ကာလ များ နောက်ပိုင်းကစလို့ မြန်မာ့နိုင်ငံ ရေးအခင်းအကျင်းထဲမှာ ပြည်သူလူထုဟာ အရိုက်ခံရမယ့်အခါမှ သာပါရတဲ့ တုတ်များအဖြစ်သာ အများစုတည်ရှိခဲ့ပါတယ်။ ‘ပြည် သူ့ဆန္ဒ၊ ပြည်သူ့အာဏာ’ရယ်လို့ ကြွေးကြော်ပြီး ညာတဲ့စနစ်တွေနဲ့ သာ ကြုံတွေ့ခဲ့ရပါတယ်။ ပြည် သူဟာ နှိပ်ကွပ်အုပ်ချုပ်တဲ့ခေတ် များစွာကိုသာ ဖြတ်သန်းခဲ့ရပါ တယ်။ ဒီကနေ့ကာလအထိ ဗိုလ် ချုပ်ပြောခဲ့တဲ့ တင်း ပြည့် ကျပ်ပြည့် ဒီမိုကရေစီနဲ့ ပြည်သူလူထုမကြုံ တွေ့ရသေးပါဘူး။
အဲဒီမိန့်ခွန်းမှာပဲ ဒီမိုကရေစီ နဲ့ ပတ်သက်ပြီး ပြောဆိုထားပါ သေးတယ်။ အဲဒါကတော့ ‘‘လူ တွေက တင်မြှောက်ပြီး လူတွေ ရဲ့ အကျိုးကိုလုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ် နိုင်မယ်။ တခြားဟာတွေ ဒီမိုက ရေစီအစစ် မဖြစ်နိုင်ဘူး။ အတု တွေသာဖြစ်တယ်။ အဲဒီလိုစနစ် မျိုးနဲ့ သမ္မတအစိုးရမျိုးမှာသာ ကျုပ်တို့တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာ ဆောင်ရွက် ပေးနိုင်မှာပဲ။ ဒီမိုကရေစီတိုင်း ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုက ရေစီခေတ်စားလာတဲ့အခါမို့ ရော ယောင်ပြီး သံဖမ်းပြောကြတာတွေလည်း အများကြီးပဲ။ ဒါဖြင့် ဒီမိုက ရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအ ချင်းချင်းအစရှိသည်အားဖြင့် အ ခွင့်အရေးတန်းတူကျပ်ပြည့် မရှိ သမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေး ဘူး’’ ဆိုပြီး မိန့်ဆိုခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးသိကြတဲ့အတိုင်း ပြည်သူ လူထုရဲ့ ဆန္ဒအမှန်ကိုထုတ်ဖော် ခွင့်ရရှိခဲ့တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်သလို အစိုးရသစ်တစ်ရပ်ကို လည်း မကြာခင်မှာ မြင်တွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအ တွက် ဗိုလ်ချုပ်စကားအတိုင်းသာ ဆိုရင် ပြည်သူဟာဒီမိုကရေစီအ စစ်နဲ့ နီးစပ်လာပြီလို့ဆိုရမှာ ဖြစ် ပါတယ်။ အဲဒီအတွက်တော့ ဗိုလ် ချုပ်ရဲ့ မျိုးဆက်ဖြစ်တဲ့ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ပါဝင်နေတာဖြစ်လို့ ပြည်သူကပို ပြီး ယုံကြည်မျှော်လင့်နေတယ်ဆို တာလည်း ငြင်းဖွယ်ရာမရှိပါဘူး။
ဒီမိုကရေစီအခြေခံများနဲ့ ပတ်သက်ပြီးလည်း ဗိုလ်ချုပ်က အချက်ရှစ်ချက် ထုတ်နုတ်ပြောဆို ထားပါသေးတယ်။ အဲဒီအချက် တွေထဲမှာ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်း ရုံးရေး၊ အိုနာစာအရေးအစရှိ သဖြင့် အခွင့်အရေးတွေရှိဖို့ လယ်လုပ်တဲ့လူတွေရဲ့ လက်ထဲလယ် ရောက်အောင် စီစဉ်နိုင်ဖို့၊ လယ် အမြောက်အမြားကို တစ်သီးပုဂ္ဂလ ပိုင်ဆိုင်တဲ့ စနစ်ကိုပယ်ဖျက်နိုင် ဖို့စတဲ့ အလုပ်သမား၊ လယ်သ မားအကျိုးကို မျှော်ကိုးတဲ့အချက် တွေပါဝင်သလို လူမျိုးအသီးသီး ဟာလည်း သူတို့ရထိုက်တဲ့ အခွင့် အရေးတွေရအောင် စီစဉ်ထားဖို့၊ လူမျိုးဘာသာ လိင်မရွေး တိုင်း ပြည်ကြီးသားတိုင်း ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေပါဖို့ဆိုတဲ့ လူ မျိုးရေးဆိုင်ရာအချက်တွေလည်း ပါဝင်ပါတယ်။ အဲဒါအပြင် ဒီက နေ့ကာလမှာ မဖြစ်မနေပါဝင်ဖို့ လိုတဲ့အချက်များဖြစ်တဲ့ တိုင်းသူ ပြည်သားတွေသာလျှင် အာဏာ ပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘော တရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်ဆိုတဲ့အချက်နဲ့ တိုင်းပြည်ဥပဒေတရားရုံးစနစ်ဟာလည်း ပြည်သူတွေရဲ့ အကျိုးရှေးရှုမယ့် ပြည်သူ့တရားရုံးစနစ် မျိုး ဖြစ်ရမယ်ဆိုတဲ့အချက်တွေကို လည်း ဒီမိုကရေစီအခြေခံအချက် များထဲမှာ ထည့်သွင်းထားပါတယ်။
အဲဒီအချက်တွေပါမှသာ လျှင် တကယ့်ဒီမိုကရေစီအခြေ ခံတွေ ချရာရောက်မှာဖြစ်ပြီး အ ချိန်တိုင်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမား မတ်မတ်တည်ဆောက်နိုင်မှာဖြစ် တယ်လို့လည်း ဗိုလ်ချုပ်က ပြော ဆိုထားပါတယ်။ ဒီမိုကရေစီနိုင်ငံ ကို ဖော်ဆောင်နေတဲ့ ဒီကနေ့ကာ လမှာ လျစ်လျူရှုမထားသင့်တဲ့ ပြောဆိုချက်များလည်း ဖြစ်ပါ တယ်။
ဒီနေရာမှာတိုင်းပြည်နဲ့ လူ ထုအကျိုးအတွက် ဗိုလ်ချုပ် ဘာ တွေလုပ်ခဲ့ပြီး ဘယ်လောက်အထိ အနစ်နာခံခဲ့တယ်ဆိုတာကို ထူး ထွေပြီးပြောဆိုနေဖို့ မလိုတော့ပါ ဘူး။
‘‘ဒီဗမာပြည်မှာတိုင်းပြည်အ တွက် ကျုပ်တို့ထက် ပိုလုပ်တဲ့ လူ၊ အနစ်နာခံတဲ့လူ မရှိဘူးဆိုတာ ကျုပ်ပြောရဲတယ်’’ဆိုတဲ့ ဗိုလ်ချုပ် စကားအတိုင်းပါပဲ။ ဗိုလ်ချုပ်အ ကြောင်း ပြောကြတဲ့ စာအုပ်စာ တမ်းပေါင်းများစွာ၊ သမိုင်းမှတ် တမ်းပေါင်းများစွာဟာ ပြည်သူလူ ထုကြားမှာ အစဉ်အမြဲစိမ့်ဝင် လျက်ရှိနေပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဗိုလ် ချုပ်ပြောကြားချက်များဟာလည်း ဗိုလ်ချုပ်မိန့်ကြားခဲ့တဲ့ မိန့်ခွန်း ပေါင်းမြောက်မြားစွာထဲကမှ တစ် ခုဖြစ်တဲ့ ‘‘ဖဆပလ ပဏာမပြင် ဆင်မှု ညီလာခံမိန့်ခွန်း’’ထဲကနေ ဒီကနေ့ကာလနဲ့ ကိုက်ညီနေတဲ့ သတိမူသင့်တဲ့ အစိတ်အပိုင်းတစ် ခုကိုသာ ကောက်နုတ်ဖော်ညွှန်း ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြော စကားတွေထဲမှာကို ဗိုလ်ချုပ်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ် လောက်အထိ စေတနာထားလုပ် ဆောင်နေတယ်ဆိုတာကို ပေါ် လွင်နေပါတယ်။
နမ့်ဆန်နဲ့ လပွတ္တာမီးဘေး လှူဒါန်းဖို့ လွတ်လပ်ရေးရရှိခဲ့တဲ့ နှစ်ကထုတ်ဝေခဲ့တယ်ဆိုတဲ့ ဗိုလ် ချုပ်အောင်ဆန်းပုံပါ ရင်ထိုးတစ် ခုကို ရောင်းချဖို့ကြေညာတယ် ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း ဆဲဗင်းဒေးသတင်းစာမှာ ဖေဖော် ၀ါရီ ၁၁ ရက်နေ့က ဖတ်လိုက်ရ ပါတယ်။ ရင်ထိုးကိုကနဦး ကျပ် ၁၀ သိန်းနဲ့ ရောင်းချဖို့ ကြမ်းခင်း ဈေး သတ်မှတ်ပေးထားပြီး ၅၅ သိန်းအထိ ပေးမယ့်သူရှိလာတယ်။ ဈေးပိုပေးဝယ်မယ့်သူ ရှိ၊ မရှိ ဆက်လက် စောင့်ကြည့်နေတယ် ဆိုတာကိုပါ သတင်းထဲမှာတွေ့ရ ပါတယ်။ အဲဒီလိုရင်ထိုးတစ်ခု ကို တန်ဖိုးတကြီးပေးဝယ်ခြင်းက လည်း ဗိုလ်ချုပ်ရဲ့ နိုင်ငံအပေါ် အနစ်နာခံပေးဆပ်ခဲ့ခြင်းတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ ပြောရမယ်ဆို ရင် ဒီကနေ့ကာလအထိ ဗိုလ်ချုပ် ဟာနိုင်ငံနဲ့ နိုင်ငံသားတွေအကျိုး အတွက် သယ်ပိုးထမ်းရွက်နေ တယ်ဆိုတာကိုပါ ပြဆိုလိုက်တာ ဖြစ်ပါတယ်။
ပြည်သူလူထုအကျိုးကို အ မှန်တကယ်သယ်ပိုးခဲ့သူမျာအ တွက် သမိုင်းကောင်းများဟာ အစဉ်အမြဲရှင်သန်နေပါတယ်။ အဲဒါကြောင့်လည်း ဒီကနေ့ကာ လအထိ မြန်မာပြည်သူလူထုတစ် ရပ်လုံးရဲ့ နှလုံးသားထဲမှာ ‘‘ငါတို့ ဗိုလ်ချုပ်’’ဆိုတဲ့ ဂုဏ်ကိုဗိုလ်ချုပ် က တင့်တင့်တယ်တယ်ရယူထား ဆဲ ဖြစ်ပါတယ်။ နောင်နှစ်ပေါင်း ထောင်သောင်းမကတိုင်အောင် လည်း‘‘ငါတို့ဗိုလ်ချုပ်’’ဆိုတာ ပြည်သူ့နှလုံးသားမှာ အစဉ်ကိန်းအောင်းနေဦးမှာ ဖြစ်ပါတယ်။ အဲဒီလို ‘‘ငါတို့ဗိုလ်ချုပ်’’ဆိုတဲ့ ဂုဏ်မျိုးကို ရယူနိုင်မယ့် လူပုဂ္ဂိုလ်များလည်း အနာဂတ်ကာလများမှာ ပေါ်ထွန်းလာပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ ။
ကိုးကား -ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၉၄၅-၁၉၄၇)
ဂျေငြိမ်း | 7day

မှတ်ချက်များ