ဖေ့စ်ဘွတ်စွဲလန်းမှုက ဦးနှောက်မှာ ကိုကင်းစွဲလန်းမှုလိုပဲ သက်ရောက်မှုရှိပေမယ့် ဖေ့စ်ဘွတ်ကို စွန့်လွှတ်ဖို့တော့ ပိုမို လွယ်ကူတယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ကို စွဲလန်းမှုက ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ ကိုကင်းကဲ့သို့ သက်ရောက်မှုရှိကြောင်း သုတေသန ရလဒ်တစ်ခုက ဆိုပါတယ်။ ဦးနှောက် စကင်ဖတ်ကြည့်မှု ရလဒ်တွေအရ ဖေ့စ်ဘွတ် News Feed တွေကို ကြည့်ရှုနေစဉ် ဦးနှောက်မှာ သက်ရောက်မှုရှိတဲ့ အစိတ်အပိုင်းတွေက ကိုကင်း စွဲနေသူတွေအတိုင်း ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
သုတေသန အစီအစဉ်မှာ ကျောင်းသားတွေကို လေ့လာစမ်းသပ်မှု မပြုလုပ်မီ ဖေ့စ်ဘွတ်ကို မည်မျှ အတိုင်းအတာအထိ စွဲလန်းကြောင်း မေးခွန်းအချို့ ဖြေဆိုစေပါတယ်။ ထို့နောက် screen တစ်ခုမှာ ပုံရိပ်အချို့ကို ပြသပေးပြီး ပုံရိပ်ပေါ်လာတဲ့အခါ screen မှာရှိတဲ့ button တွေကို နှိပ်စေပြီး သူတို့ရဲ့ ဦးနှောက် တုံ့ပြန်လှုပ်ရှားမှုကို လေ့လာခဲ့ပါတယ်။
ဒီလို လေ့လာခဲ့ရာ ဖေ့စ်ဘွတ်နဲ့ ပတ်သက်တဲ့ ပုံရိပ်ပေါ်လာချိန်မှာ button ကို အမြန်နှိပ်သူတွေက စွဲလန်းမှု ပိုများကြတာ တွေ့ရပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်သူတွေကို ဖေ့စ်ဘွတ်သုံးနေစဉ် ဦးနှောက် စကင်ဖတ်မှုဖြင့်လည်း လေ့လာခဲ့ပါတယ်။
သုတေသန အစီအစဉ်ကို ကယ်လီဖိုးနီးယား ပြည်နယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အိုဖာ တူရဲလ်က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရော်ဖက်ဆာရဲ့ သုတေသနမှာ ကျောင်းသား ၂၀ ဦးကို ဖေ့စ်ဘွတ်နဲ့ ပတ်သက်ပြီး စိတ်သောကရောက်ရမှု၊ ဖေ့စ်ဘွတ်မှ စွန့်ခွာလိုမှုနဲ့ ဖေ့စ်ဘွတ်နဲ့ဆက်နွယ်ပြီး အချင်းများမှုတွေ ကြုံခဲ့ရသမျှကို မေးခွန်းများကိုလည်း မေးခဲ့ပါတယ်။
ဖေ့စ်ဘွတ်စွဲလန်းမှုက ဦးနှောက်မှာ ကိုကင်းစွဲလန်းမှုလိုပဲ သက်ရောက်မှုရှိပေမယ့် ဖေ့စ်ဘွတ်ကို စွန့်လွှတ်ဖို့တော့ ပိုမို လွယ်ကူတယ်လို့ ဆိုပါတယ်။
Credit - Duwun

မှတ်ချက်များ