ထိုင်ဝမ် ငလျင်ကြောင့် ပြိုကျအဆောက်အဦတွင် ချစ်သူ ၂ ဦး ဖက်လျက် သေဆုံးနေ
ထိုင်ဝမ်နိုင်ငံမှာ ထိုင်နန်မှာ ဖေဖော်ဝါရီလ ၆ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် ၁၇ ထပ်တိုက်ပြိုကျခဲ့ရာမှာ အပျက်အစီးတွေအကြား ချစ်သူ ၂ ဦး ဖက်လျက် သေဆုံးနေတာကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့ပါတယ်။
အဆောက်အဦအမိုး ပြိုကျတဲ့ အပျက်အစီးတွေဘေးကနေ ကာကွယ်ဖို့ အမျိုးသားက အမျိုးသမီးကို ဖက်ထားတာကို ကယ်ဆယ်ရေးသမားတွေက တွေ့မြင်ခဲ့ပါတယ်။
အမျိုးသားက တင်းကြပ်စွာဖက်ထားတဲ့အတွက် ဒီခန္ဓာကိုယ် ၂ ခုကို ခွဲဖို့ ကယ်ဆယ်ရေးသမားတွေက အတော်ကြိုးစားအားထုတ်ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၂ ဦးကတော့ ခွန်ရှမ်းတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။
ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ငလျင်ကြောင့် အဆောက်အဦ ပြိုကျခဲ့ပြီး သေဆုံးသူ ၁၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ တချို့လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ပျောက်ဆုံးသူတွေကို အသက်ရှိ ထင်ရှားရှာဖွေနိုင်ဖို့က အခွင့်အရေးက နည်းလာပြီလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
DVB Burmese




မှတ်ချက်များ