ဘန်ကောက်မှာ ဆေးသွားကုရတဲ့ Bobby Soxer




ရှိုးပွဲမှာ ခဲနဲ့အပေါက်ခံလိုက်ရတဲ့ Bobby Soxer တစ်ယောက် ဘန်ကောက်မှာ ဆေးသွားကုရတယ်လို့ သိရပါတယ်။

ခဲနဲ့အပေါက်ခံရတဲ့ Bobby Soxer တစ်ယောက် မျက်လုံးကို ထိမိသွားပြီး ဘန်ကောက်မှာ ဆေးသွားကုရ
မှာဖြစ်တယ်လို့ လွှမ်းပိုင် ကပြောပါတယ်။

"ဆရာဝန်နဲ့ပြထားပေမယ့်လည်း မျက်လုံးကသွေးချေဥနေတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ နိုင်ငံခြားမှာ ဆေးသွားကုမယ် ဆိုတော့လည်း လေယာဉ်ကစီးလို့မရဘူးတဲ့။ပရက်ရှာ ဒဏ်ကိုမခံနိုင်ရင် သွေးချေပေါက်တက်တယ် ဆိုလို့ အိမ်မှာဘဲခဏနားနေရတယ်။ဒါပေမယ့် ညကဆရာဝန်ကြည့်တော့ နိုင်ငံခြားသွားရင်သွားလို့ရပြီလို့တော့ ပြောတယ်။ဒီညလောက် ဘန်ကောက်မှာ ဆေးသွားကုမယ်"လို့ သူကပြောပါတယ်။

ဧရာဝတီတိုင်း၊ပန်းတနော်မြို့ခတ္တိယအထက်ကျေးရွာအုပ်စု၊မှင်ပတောကျေးရွာမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ ဒီလိုပွဲတစ်ပွဲမှာဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ချို့လည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

စီစဉ်သူတစ်ယောက်ဖြစ်နေသလို အကိုတစ်ယောက်လိုဖြစ်နေတဲ့ ကိုဝေမင်းမောင်ကလည်း"အကိုကြားရတာအရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ထက်ထက်ဆိုတာကလည်း ကလေးဆန်ဆန် တက်တက်ကြွကြွနဲ့ ပရိသတ်တွေကို ဖျော်ဖြေတက်တဲ့ မိန်းခလေး တစ်ယောက်ပါ။ဒီလိုဖြစ်သွားတယ်ဆိုတော့ ဖျော်ဖြေတဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရသလို ကြားမိတဲ့သူတွေလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပွဲစီစဉ်သူတွေအနေနဲ့လည်း လုံခြုံရေးပိုင်းကိုသေချာဆောင်ရွက်သင့် တယ်လို့ထင်တယ်။ ပွဲသေးသေးပွဲကြီးကြီးပေါ့။ အခုလိုဖြစ်သွားတော့ ပရိသတ်တွေအတွက်လည်းမကောင်းသလို အနုပညာရှင်တွေအတွက်လည်း မကောင်းပါဘူး။ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီလိုလုပ်ရပ်မျိုးကတော့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ အမြန်ဆုံးသက်သာပါစေလို့ လည်းဆုတောင်းပေးပါတယ်။"လို့ Media7 ကကိုဝေမင်းမောင်ကပြောပါတယ်။

Source: Myanmar Celebrity News
Photo: Bobby Soxer Facebook

မှတ်ချက်များ