လူကြီးတွေ အရောင်ခြယ်စာအုပ်များ ဝယ်လွန်းသောကြောင့် ခဲတံပြတ်လပ်မှုရှိနေပြီဖြစ်


ကမ္ဘာတစ်ဝန်းတွင် လူကြီးများက အရောင်ခြယ်စာအုပ်များကို တိုးမြှင့်ဝယ်ယူနေသောကြောင့် ခဲတံများရှားပါးနေပြီဖြစ်ကြောင်း ခဲတံလုပ်ငန်းရှင်များကပြောဆိုခဲ့သည်။

လူကြီးများသည် စိတ်ဖိစီးမှုကို ဖြေဖျောက်ရန်အတွက် အီလက်ထရွန်းနစ်ပစ္စည်းများကို ဘေးချကာ အရောင်ခြယ်စာအုပ်များကို ဝယ်ယူကာ လေ့ကျင့်မှုများပြုလုပ်နေကြသည်။ လူကြီးများသည် ခဲတံအကောင်းစားများကိုသာ ဝယ်ယူမှုပြုလုပ်နေသောကြောင့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် အပြင်းအထန်ကြိုးပမ်းနေရကြောင်း ကမ္ဘာ့အကြီးဆုံးခဲတံထုတ်လုပ်ရေးလုပ်ငန်း Faber Castell ကပြောဆိုခဲ့သည်။

နည်းပညာပစ္စည်းများကို စိတ်ကုန်နေကြသောကြောင့်လူကြီးများသည် ပုံဆွဲသည့် အလုပ်ဘက်သို့ ခြေဦးလှည့်လာကြကြောင်း အနုပညာရှင် ဂျိုဟန်နာ ဘက်စ်ဖို့ကပြောဆိုခဲ့သည်။ “ခဲတံနှင့် ဘော့ပင်ကို ကိုင်ရတာ သိပ်အရသာရှိတာရှင်၊ တွစ်တာတို့ ဖေ့စ်ဘွတ်ခ်တို့ကလည်း ဝင်ရှုပ်မှာ မဟုတ်ဘူး၊ ကလေးဘဝကိုလည်း လွမ်းချင်ပြန်လွမ်းလို့ရသေးတယ်” ဟု ၄င်းကပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် ရောင်းအကောင်းဆုံးစာအုပ်များမှာသမ္မာကျမ်းစာလည်း မဟုတ်၊ခန္ဓာဗေဒစာအုပ်လည်းမဟုတ်၊စကြဝဠာအကြောင်းစာအုပ်လည်း မဟုတ် အရောင်ခြယ်စာအုပ်များသာဖြစ်ကြောင်း ဟာသသရုပ်ဆောင် ရပ်ဆယ် ဘရန့်ကပြောဆိုခဲ့သည်။

Source:Mirror
Messenger News Journal

မှတ်ချက်များ