ဂီနီနိုင်ငံအနောက်တောင်ပိုင်းတွင်အီဘိုလာ ပြန်လည်ဖြစ်ပွားကာလူလေးဦးသေဆုံးခဲ့ပြီဖြစ်သောကြောင့်ထိုသူများနှင့်ဆက်ဆံမိခဲ့သူ၊အနီးအနားတွင် နေထိုင်သူ၈၁၆ဦးထိကိုသီးသန့်ခွဲကာစောင့်ကြည့်လျက်ရှိကြောင်းသိရသည်။
“စနေနေ့ကစပြီးမိသားစုပေါင်း ၁၀၇ စု၊ လူပေါင်း ၈၁၆ ဦးထိဟာ အီဘိုလာကြောင့် သေဆုံးသူလေးဦးနဲ့ထိစပ်ခဲ့ဖူးကြောင်းစာရင်းကောက်ယူရရှိထားပါတယ်” ဟုဂီနီအီဘိုကာတိုက်ဖျက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖို့ဒ် တာဆီလာကပြောသည်။
သေဆုံးသူလေးဦးလုံးသည်ကိုရိုပါရာရွာမှချည်း ဖြစ်ရာယခုသီးခြားခွဲကာစောင့်ကြည့်ခံရသူ၈၀၀ ကျော်သည်လည်းထိုရွာမှချည်းဖြစ်ပြီးလက်ရှိတွင်ရွာသားများသည် နေအိမ်ထဲတွင်သာနေကြရပြီး၂၁ရက် ပြည့်မြောက်သည် အထိအီဘိုလာလက္ခဏာမပေါ်မှသာလွတ်လပ်စွာသွားလာခွင့်ရမည်ဖြစ် သည်။
အီဘိုလာသည် ဂီနီနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာထိ ဂီနီတွင် အီဘိုလာကြောင့် လူ ၂၅၀၀ နီးပါးသေဆုံးခဲ့ရသည်။ အီဘိုလာသည် ၂၀၁၃ ခုနှစ်ကစတင်ခဲ့ပြီးဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရာရာလီယွန်တို့တွင် အဓိကဖြစ်ပွားခဲ့ကာလူ၂၈၆၀၀ ကျော်ကူးစက်ခံခဲ့ရပြီး၁၁၃၀၀ သေဆုံးခဲ့ သည်။
ကိုရိုပါရွာရွာတွင်အီဘိုလာမည်ကဲ့သို့ ပြန်လည်ဖြစ်ပွားလာကြောင်းသိရအောင် ကျန်းမာရေးပညာရှင်များလေ့လာနေဆဲ ဖြစ်သည်။
Source: Reuters
Messenger News Journal


မှတ်ချက်များ