(၆)နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုရန်ကြိုးပမ်းသူကို အရေးယူ


မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်ရှိ နေအိမ်ရှေ့တွင် ဆော့ ကစားနေသည့် သူငယ်တန်းကလေးငယ်အား အအေးတိုက်ကာ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည့် အသက် (၃၂)နှစ်အရွယ် အမျိုး သားကို မတ်လ ၂၀ ရက်၌ ဖမ်း ဆီးခဲ့ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် (၂)ရပ် ကွက်နေ အသက်(၆)နှစ်အရွယ် မိန်းကလေးသည် မိခင်ရေချိုးနေ ချိန် နေအိမ်ရှေ့တွင်ဆော့ကစား နေရာမှ ခဏအကြာတွင် မတွေ့ သဖြင့် မိခင်က ၀န်းကျင်၌ လိုက်လံရှာဖွေခဲ့ သည်။

ထိုသို့ရှာဖွေရာ ၎င်းတို့အိမ် နှင့်နှစ်အိမ်ကျော်နေ အသက် (၃၂)နှစ်အရွယ် အောင်အောင် ဆိုသူ၏ နေအိမ်အတွင်းမှကလေး ငယ်ပြေးထွက်လာသည်ကိုတွေ့ ရသဖြင့် မေးမြန်းရာ အဓမ္မပြုကျင့် ရန်အားထုတ်ခဲ့သည်ကို သိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘လောလောဆယ်တော့ သူ့ ကိုဖမ်းပြီးစစ်နေတယ်။ စစ်နေ တုန်းဆိုတော့ အသေးစိတ်ပြော လို့မရသေးဘူး။ အခုက ရမန်ယူ ထားတယ်’’ဟု ဘုရင့်နောင်နယ် မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားသည် ကလေးငယ်ကို အအေးတိုက်ကာ ၎င်းနေအိမ်နောက်ခန်းအတွင်းသို့ ပွေ့ချီခေါ်ဆောင်ပြီး အဓမ္မပြု ကျင့်ရန်အားထုတ်နေစဉ် ထွက် ပြေးလာခြင်းဖြစ်ပြီး မိခင်အားပြန်မပြောစေရန် ကလေးငယ်ကို လည်း ခြိမ်းခြောက်ခဲ့ကြောင်း ၎င်း က ဆက်လက်ပြောသည်။

အသက် (၆)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သည့် အမျိုးသားကိုဘုရင့်နောင်နယ်မြရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း - 7day

မှတ်ချက်များ