ဗျို့ အယ်ဒီတာ ....
ဘာမှ မပြောခင်အားရအောင် ရယ်ခွင့်ပြုပါခင်ဗျာ။ ဟား ... ဟား ... ဟား။အောင်မလေး၊ ရယ်ရလွန်းလို့ အူတက်တော့မယ်။ အယ်ဒီတာမင်းတို့ အားနာလို့သာ။ နို့မဟုတ်ရင် ဒီထက်တောင်မှ ဟားတိုက်ရယ်လိုက်ချင်သေးရဲ့ဗျာ။ ဘယ့်နှယ် ကျုပ်တို့သမ္မတဦးသိန်းစိန်ရယ်လေ။ လူထုပရိသတ်ကို နှုတ်ဆက်ထွက်ခွာခါနီးကျမှ ပြောလာပုံက မရယ်ရဘူးလား။ ပြည်သူများစီး ပွားရေး အဆင်ပြေရင် အဆဲခံရ လည်း ကျေနပ်ပါသတဲ့။
နည်းနည်းဇာတ်ရည်လည် အောင် ပြောဦးမှလည်း တော်မယ်။ ဒီလိုဗျ။ အယ်ဒီတာမင်းတို့ရဲ့ ခုနစ်ရက်သတင်းစာကို မနေ့မနက်က စောစောစီးစီးဖတ်လိုက်တော့ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့ ဖော်ပြထားတဲ့ သတင်းလေဗျာ။ ‘ပြည်သူများစီးပွားရေး ပြေလည် လျှင် အဆဲခံရလည်း ကျေနပ် ကြောင်း သမ္မတဦးသိန်းစိန်ပြော ဟုဆို’တဲ့။ ကျုပ်လည်းဘာလဲဟ ဆိုပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကိုပြူးပြဲကာ ဖတ်ကြည့် သဗျာ။
ဖတ်ကြည့်တော့ တွေ့ပါသ ကော။ အဲ .. ကြားဖြတ်ပြောရဦး မယ်။ အခုတစ်လော ကျုပ်တို့သမ္မ တဦးသိန်းစိန်လည်း ရာထူးက အ နားယူခါနီးကျမှ ခရီးတွေသိပ် ထွက်တာပဲ။ ဟိုရှေးရှေးသုံးလေး လရွေးကောက်ပွဲမဲဆွယ်ကာလ များတုန်းကဆိုရင်လည်းပဲ သူခရီး ထွက်တာပဲ။ အခုသမ္မတဘ၀က အနားယူဖို့ ရက်ပိုင်းလောက်သာ လိုတော့ချိန်မှာလည်း တစ်ပြည် လုံး တိုင်းခန်းလှည့်နေသဗျ။
ဒါနဲ့ ဘစီတို့က တွေးကြည့် တာ။ သမ္မတနှယ် ရုပ်ရှင်မင်းသား ကြီး ဦးကျော်ဟိန်းများ အားကျနေ လေသလားပေါ့။ အယ်ဒီတာမင်း တို့လည်း မှတ်မိကြဦးမှာပါ။ ဘစီ တို့ရဲ့ မင်းသားကြီးဦးကျော်ဟိန်း လည်း လူသားအားလုံးကို လေး စားသောအားဖြင့် သရုပ်ဆောင် အလုပ်ကနေ အနားယူ လူ့ဘောင် လောကီကို စွန့်ခွာပြီးသကာလ ရဟန်းဝတ်တော့မယ်ဆိုတုန်းက တစ်ပြည်လုံးမှာရှိတဲ့ သူ့ပရိသတ် တွေကိုပတ်ပြီး နှုတ်ဆက်တာက လား။ အခုကျုပ်တို့ သမ္မတလည်း ဦးကျော်ဟိန်းထုံး နှလုံးမူကာ တစ် ပြည်လုံးပတ်ကာ တိုင်းခန်းလှည့် လေသလား တွေးစရာကောင်းနေ တာပေါ့လေ။
နိုင်ငံပိုင်းသတင်းစာ အဲလေ .. ပြည်သူ့ဝန်ဆောင်သတင်းစာ ဆိုသဟာကြီးကလည်း သမ္မတရဲ့ အနှာလို တိုင်းခန်းလှည့်လည်တဲ့ သတင်းကိုမျက်နှာဖုံးကနေ ရက် ဆက်နီးပါး ဓာတ်ပုံများနဲ့ ခမ်းခမ်း နားနား ဝေေ၀ဆာဆာ ဖော်ပြနေ တော့ကာ သတိမထားမိဘဲ မနေ နိုင်အောင် ဖြစ်ရတာလည်းပါသ ပေါ့ဗျာ။ ကျုပ်တို့မယ် သမ္မတသစ် ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်သတင်းကိုများ နိုင်ငံပိုင် ပြည်သူ့ဝန်ဆောင်သတင်းစာကြီးက ဖော်ပြမယ်မှတ်တာ။
ဖော်တော့ ဖော်ပြရှာပါရဲ့။ နို့ပေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီး စဉ်နဲ့ ရောင်စုံကြော်ငြာတွေကြား မှာ မနည်းပြူးပြဲပြီး ရှာဖတ်နိုင်မှ တွေ့သဗျ။ တကယ်တော့ ပြည် သူ့ဝန်ဆောင် သတင်းစာဆိုရင် ဖြင့် ပြည်သူတွေသိချင်နေတဲ့၊ စိတ်ဝင်စားနေတဲ့ အခုနေခါ သမ္မတသစ် တင်မြှောက်တာတို့၊ ၀န်ကြီးဌာနတွေ လျှော့ချဖို့လွှတ် တော်မှာ ဆွေးနွေးတာတို့ဆိုတာ မျိုးတွေကို ဦးစားပေးပြီး ထည့် သွင်းဖော်ပြသင့်တာပေါ့လေ။ အ ခုတော့ မကြာမီမှာ သမ္မတထိုင်ခုံ ကို ကျောခိုင်းစွန့်ခွာ လယ်တော အိမ်ပြန်ကာ နောင်တစ်ချိန်မှာ ရိုး ရိုးသားသား မုန့်ဟင်းခါးပဲ ရောင်း စားတော့မလိုလို ပြည်သူတွေ ကြား သတင်းများထွက်နေတဲ့ လူ ကြီးမင်းရဲ့ သတင်းချည်းပါပဲလား။
ကဲ..အခုတော့ သမ္မတနှယ် ခရီးတွေသွား၊ စကားတွေပွား တော့ ဟားစရာကပါလာပြီ။ သမ္မ တပြောတာကို ကျုပ်တို့တိုက်ရိုက် ကြားရတာတော့ မဟုတ်ဘူးပေါ့ လေ။ သမ္မတခရီးစဉ်မှာ ပြောတဲ့ စကားတစ်ခုကို အနယ်နယ်လှည့် ကာ အ၀ှာပြုလာတယ်ဆိုတဲ့ မွေး မြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦး အုန်းမြင့်က သူ့တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာကနေ တိုင်း ပြည်ကို ဖောက်သည်ချလိုက်တာ ဗျ။ ၀န်ကြီးဦးအုန်းမြင့်ရဲ့ ဖော်ပြ ချက်အရ မတ်လ ၁၈ ရက်တုန်း က ပူတာအိုခရီးစဉ်အတွင်း ဖုန် ကန်ရာဇီတွေ့ဆုံပွဲမှာ သမ္မတက အခုလိုပြောခဲ့သတဲ့။ ဇာတ်ရည် လည်အောင် အရင်းတိုင်းပြန်ရေး ပြမယ်နော်။ ဟောသလို ....
‘ပြုပြင်ပြောင်းလဲမှုတွေအ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအ ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အကြောင်း ငါးနှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေ ပြောမဆုံး ပါဘူး။ ဒါပေမဲ့လည်း ပြည်သူတွေ ထဲက ကျေနပ်ကြသူတွေ၊ မကျေ နပ်ကြသူတွေထဲက အဆိုးရွားဆုံး တုံ့ပြန်မှုတစ်ခုက ကားတွေကျပ် လို့ အစိုးရကိုဆဲတာ မကြားဝံ့မနာ သာပါပဲ’ တဲ့ခင်ဗျ။
သမ္မတစကားရှေ့မဆက်ခင် ဒီမှာတစ်ဖြတ်နားပြီး အနည်းအ ပါး ဆွေးနွေးကြည့်ဦးမယ်ဗျာ။ ပြည်သူထဲက၊ မကျေနပ်ကြသူတွေ ထဲက အဆိုးရွားဆုံးတုံ့ပြန်မှုတစ်ခုက ကားတွေကျပ်လို့ အစိုးရကို ဆဲတာဖြစ်သတဲ့။ ဟုတ်ပါ့မလား သမ္မတကြီးရဲ့။ ဒါ့ထက်တောင် ပို သေး ဟဲ ..ဟဲ ..။ ငါးနှစ်တာကာလအတွင်းမှာ ပြည်သူတွေအစိုးရကို ဆဲတာဟာ ကားကျပ်လို့တစ်ခုတည်းကြောင့်တင် မဟုတ်လောက်ပါဘူး။ လက်ပံတောင်းမှာ ဆန္ဒပြ သူတွေကို မီးလောင်ဗုံးလက် ဆောင်ပေးတာတွေ၊ လက်ပံတန်း မှာ ကျောင်းသားတွေကို တုတ်စာ ကျွေးတာတွေကြောင့်လည်း အစိုး ရကို ပြည်သူတွေက တစ်တစ်ခွခွ ဆဲခဲ့ကြပါတယ်။
သမ္မတစကားကို နင်းပြီး ဆဲ ခဲ့ကြတယ်လို့ ဘစီတို့သုံးနှုန်းပေတဲ့ တကယ်ပြောရရင် ပြည်သူတွေက အစိုးရကို ဆဲတာမဟုတ်ပါဘူး။ သဘောမကျ မနှစ်သက်တာတွေ ပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ ကြတာပါ။ ပြည်သူတွေက သမ္မ တကြီးနားဝမှာ မကြားဝံ့မနာသာ ဖြစ်လောက်တဲ့အထိ ဘယ်တုန်း ကမှ မဆဲခဲ့ကြပါဘူး။ သမ္မတ လည်း ပြည်သူတွေဆဲတာ ဘယ် တုန်းကမှ ကြားခဲ့မှာမဟုတ်ပါဘူး။ တကယ်လို့ဆဲခဲ့တာ ကြားရင် လည်းပဲ သမ္မတကြီးတို့ အစိုးရက ခံစားနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူ တွေဆဲနေတာကိုလည်း ပန်းနဲ့ ပေါက်သည့်ပမာ့ ပြုံးဖြီးဖြီးနဲ့ လက် ပိုက်ကြည့်နေမယ့် အစိုးရအမျိုးအ စားထဲမှာ သမ္မတကြီးတို့ အစိုးရပါ မယ်မထင်ပေါင်ဗျာ။
ကားတွေကျပ်လို့ အစိုးရကို ပြည်သူတွေမဆဲပါဘူး။ အစိုးရရဲ့ စီမံခန့်ခွဲမှု ဖရိုဖရဲဖြစ်နေတဲ့အပေါ် မှာ ဝေဖန်ခဲ့ကြတာပါ။ တကယ် လို့ ကားကျပ်သမို့ အစိုးရအဆဲခံ ရတယ်ဆိုရင်လည်း ပြည်သူတွေကို ကားကျပ် လမ်းပိတ်မှုတွေကနေ ပြေလည်အောင် ဘာများမည်မည်ရရ လုပ်ခဲ့ပါသလဲခင်ဗျာ။ ခုံးကျော်တံတားတွေ ဆောက်သလေ ပြောချင်ပြောမှာပေါ့။နို့ပေတဲ့ လမ်းတွေက ပိတ်ဆဲ ပိတ်ဆဲ ပိတ်မြဲပါပဲ။တစ်ခါတလေ ခုံးကျော်တံတားတွေ လှိမ့်ဆောက်နေလို့ ကားလမ်းတွေ ပိုတောင်မှ ကျပ်ပါသေးရဲ့။
သဟာကြောင့် ပြည်သူတွေ က ကားကျပ်လို့ အစိုးရကိုဆဲ တယ်။ ပြည်သူတွေက အနှာလို မကြားဝံ့မနာသာ ဆဲတာတောင်မှ ငါးနှစ်အတွင်းမှာ အစိုးရဟာ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ခဲ့ ပါတယ်ဆိုပြီး သကာလခရီးထွက် နေတဲ့ သမ္မတကြီး မဏ္ဍပ်တိုင်တက် ပြမယ်။ စဉ်းစားရင်တော့ နည်း နည်းလွဲနေပြီနော်။ ပြန်တွေးကြည့် ပါဦး သမ္မတကြီးရဲ့။ အခုမစဉ်းစား ချင်လည်း မတ်လ ၃၁ ရက်နောက် ပိုင်း ရာထူးကအနားယူပြီး အချိန် အားရတော့မှ နဖူးပေါ်လက်တင် တွေးကြည့်ချင်လည်း သဘောပါပဲ လေ။
ကဲ ..နောက်ထပ်သမ္မတရဲ့ ပြောကြားချက်လေးဘက်ကို ပြန် ဆက်ကြဦးစို့။ သမ္မတကဟောသ လို ဆက်ပြောသလေ။ ‘‘ကျွန်တော် ကတော့ ပြည်သူ့အသံကိုနားစွင့် ရင်း သြော် ..ကားကျပ်တာ ကား တွေများလာလို့။ ကားတွေများတာ ဟာ ၀ယ်စီးနိုင်လို့။ ၀ယ်စီးနိုင်တာ စီးပွားရေးအဆင်ပြေလာလို့။ ပြည် သူတွေအစစ အဆင်ပြေရင် အဆဲ ခံရတာ ကျေနပ်ပါတယ်’’ဆိုပဲ။
မှတ်ကရော။ ဘစီတို့ကသာ ကားတွေကျပ်တာ အစိုးရအစီအမံညံ့လို့ ဘာညာကြီးကြီးကျယ်ကျယ် အတွေးခေါင်နေတာ။ သမ္မတစဉ်းစားတဲ့ ယုတ္တိဗေဒကျတော့လည်း ရှင်းလိုက်တာ။ ကားကျပ်တာ ကားတွေများလာလို့တဲ့။ ကားတွေများလာတာ ၀ယ်စီးနိုင်လို့။ ၀ယ်စီးနိုင်တာ လူတွေစီးပွားရေး အဆင်ပြေလာလို့တဲ့။ သူ့လောက်ရှင်းတဲ့အတွေးတောင် သူ့လောက်ရှင်းမှာ မဟုတ်တော့ဘူး ပြောရမှာပဲ။ သမ္မတစကားက ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆိုတာမျိုး ဖြစ်နေသကိုး။ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ဗျိုင်းနားလို့ ကိုင်းရတယ်။ ဗျိုင်းဘာလို့ နားရတယ် ဖားအော်လို့ နားရတယ်။ ဖားဘာလို့ အော်ရတယ်။ မြွေတွေ့လို့ အော်ရတယ်ဆိုသဟာလို။
သမ္မတစကားက ရှေ့နောက် မညီဘူးဖြစ်နေသဗျ။ ဘယ့်နှယ်ဗျာ ကားတွေကျပ်လာတာ ကားတွေ များလို့ဖြစ်ပြီး ကားတွေများတာဟာ လူတွေစီးပွားရေးအဆင်ပြေလို့ဆိုရင် ကားတွေကျပ်လို့ အစိုးရကို လူ တွေကဘာဖြစ်လို့ ဆဲရမှာတုံးဗျ။
တို့များကို ကားစီးနိုင်အောင် လုပ်ပေးတဲ့ အစိုးရဆိုပြီးတောင်မှ ၀ိုင်းပြီး မေတ္တာပို့နေကြမှာ။ အဲသဟာ ဘာဖြစ်လို့ဆဲကြသတုံး။ နည်းနည်းစဉ်းစားပါဦး။
ကျုပ်တို့ မစဉ်းစားတော့ဘူး ဗျာ။ စဉ်းစားလေ ရယ်ချင်လေဖြစ် နေလို့။ ကားတွေကျပ်တဲ့ကိစ္စ၊ ကားတွေများလာတဲ့ ကိစ္စအစရှိ သဖြင့် ကားနဲ့ပတ်သက်တာက တော့ ကားဆရာကြီး ဦးအရေကြို ခေါ် အရေကြိုက ပိုပြီးအယ်ဒီတာ မင်းတို့ကို ရှင်းပြပေးနိုင်မယ်ထင်တာပဲ။ ဘစီကတော့ ကားမစီးနိုင်ပါဘူးဗျာ။ သမ္မတဦးသိန်းစိန်လက် ထက်မှာ ကားစီးနိုင်လောက်အောင်အထိ စီးပွားရေးမပြေလည် သေးတဲ့ မောင်ဘစီဟာလူညံ့ပေါ့။ လူညံ့ဆိုတော့ ကိုယ့်ဟာကိုယ့် ညံ့မှန်းဘာမှန်းမသိဘဲ အစိုးရကို မကြားဝံ့မနာသာ ဆဲဖို့ပဲ တတ်တဲ့ပြည်သူတွေထဲက ပြည်သူတစ် ဦးပေါ့။
အနှီစကားများ သမ္မတပြော ရိုးသာမှန်ခဲ့ရင် တော်တော်လည်း ရယ်ရတဲ့ ဟာသပါခင်ဗျ။ အင်း ပေါ့ဗျာ။ သမ္မတကလည်း ဘာ သားနဲ့ ထုထားတာမှတ်လို့။ သူ လည်းလေ လောကီသားဆိုတော့ ကာ ရာထူးကဆင်းခါနီး အူမြူးပြီး ရယ်စရာပြောတာ ဖြစ်ချင်ဖြစ်မှာ ပဲ။ ဂွတ်ဘိုင် သမ္မတကြီးရေ ..ဖြည်းဖြည်းဆင်းနော်။ ချော်လဲနေဦး မယ်။ ဟား ..ဟား ..ဟား။ တော် သေးပြီ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါသည်)
ဘစီ - 7day

မှတ်ချက်များ