ဘွတ်ဖိနပ်ခုံ ရာဘာရှိတဲ့ ဖဝါးပိုင်း ဆေးကြောသန့်စင်ဖို့ အကောင်းဆုံးနည်းလမ်း
သင်ဟာ နေ့တိုင်း ဘွတ်ဖိနပ်စီးတတ်သူဖြစ်ပါက ဘယ်လို ညစ်ပတ်လာတတ်တယ်ဆိုတာ အသိဆုံးဖြစ်မှာပါ။ အသပ်ရပ်ဆုံးနေတတ်သူဖြစ်ရင်တောင် ဖိနပ်မှာ ဖုန်၊ အညစ်အကြေးတွေ ရှိနေပါလိမ့်မယ်။ ဒါ သူ့ဟာသူ ကပ်လာတာပါ။ ကံကောင်းထောက်မစွာနဲ့ ဖိနပ်ခုံ ရာဘာရှိတဲ့ ဖဝါးပိုင်း သန့်ရှင်းပေးဖို့အတွက် အင်မတန်လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒီအတွက် magic eraser ဖော့တုံးလေး တစ်ခုသာ လိုပါတယ်။
သင်လုပ်ရမှာက အဲဒီ ဖော့တုံးလေးကို ရေစွတ်ပြီး အညစ်အကြေးရှိတဲ့နေရာမှာ ညင်သာစွာ တိုက်ချွတ်ဆေးကြောပေးဖို့သာ ဖြစ်ပါတယ်။ အညစ်အကြေးတွေ ပွတ်ထုတ်ပြီး အသစ်အတိုင်း လုံးဝ သန့်ရှင်းကျော့မော့စေပါလိမ့်မယ်။
အဲဒီလိုသုတ်ပေးတဲ့ခါ ဖိနပ်က အဖြူ ဒါမှမဟုတ် အဝါရောင်လို အရောင်နုတဲ့ ကင်းဗားစ်အထည်စတွေဆိုပါက တစ်ခု သတိထားရပါမယ်။ အညစ်အကြေး မကူးစေဖို့ ဖော့နဲ့ မထိမိအောင် တတ်နိုင်သမျှ ကြိုးစားရှောင်ပါ။
Ref: Shefinds
Victor.PaaTung - Trend Myanmar

မှတ်ချက်များ