ပင်ကွင်းငှက်လေးတွေဆီက လူသားတွေ စံနမူနာ ပြန်ယူသင့်တဲ့ အချက် ( ၁၀ ) ချက်


လူသားတွေအနေနဲ့ ပင်ကွင်းငှက်လေးတွေဆီက ပြန်လည်လေ့လာသင်ယူသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ အထူးသဖြင့် ချစ်သူစုံတွဲတွေဟာ ဒီ ပင်ကွင်းငှက်လေးတွေရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်လေးတွေအတိုင်းသာ လုပ်ဆောင်နိုင်မယ်ဆိုရင် အချစ်ရေးမှာ ပိုမိုသာယာပြီး ထူးခြားတဲ့ အကျိုးကျေးဇူးလေးတွေ ရလာပါလိမ့်မယ်။ ကဲ ပင်ကွင်းငှက်လေးတွေဆီက သင်ယူဖို့ အသင့်ပဲလား။

၁။ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပါ။ စောင့်ရှောက်ပါ။

လူသားတွေလိုပဲ ပင်ကွင်းငှက်လေးတွေဟာလည်း ကိုယ်နေထိုင်ရာနေရာလေးဆီက ငှက်အချင်းချင်း ဖေးမကူညီကြပါတယ်။ ကာကွယ် စောင့်ရှောက်ကြပါတယ်တဲ့။ အုပ်စုလိုက် နေထိုင်ပြီး တစ်ကောင်ကို တစ်ကောင် စောင့်ကြည့်တတ်ကြတာမို့ လူသားအချင်းချင်း၊ ချစ်သူအချင်းချင်းလည်း တစ်ဦးနဲ့တစ်ဦး ကာကွယ်စောင့်ရှောက်တတ်ဖို့ လိုအပ်ပါတယ်။

၂။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုပါ။ ပျော်ရွှင်စွာနေထိုင်ပါ။

ပင်ကွင်းငှက်လေးတွေဟာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပြီး တော်တော်လေးလည်း အဆော့မက်ကြပါတယ်။ အထူးသဖြင့် သူတို့ဟာ အချင်းချင်း စကားတော်တော်လေး ပြောတတ်တာပါ။ လူတွေလိုပဲပေါ့။ တကယ်တော့ တစ်ဦးနဲ့တစ်ဦး အမြဲပြောဆိုဆက်ဆံနေခြင်းဟာ အချစ်ရေး၊ လူမှုဆက်ဆံရေးကို အရှိန်မြင့်မားစေတဲ့ အချက်ပါပဲ။ တစ်ဦးနဲ့တစ်ဦး လျစ်လျူရှုတာများလာမယ်၊ ဆက်ဆံပြောဆိုတာ နည်းလာတာနဲ့အမျှ အဲ့ဒီဆက်ဆံရေးဟာ ပျက်ပြားတော့တာပါပဲ။

၃။ ကိုယ့်ရဲ့ လူမှုကွန်ယက်တွေကို ဖြန့်ကျက်ထားပါ။

တစ်ခါတစ်လေမှာ ပင်ကွင်းငှက်လေးတွေဟာ သူတို့မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးတွေ ထွက်တတ်ကြပါတယ်။ ဒါ့အပြင် သူတို့သူငယ်ချင်း၊ မိသားစုရဲ့ အရေးပါမှုကို သူတို့သေချာသိကြသလို ဘယ်သူတွေက ကိုယ့်ကို အထောက်အပံ့ပေးနေတယ်ဆိုတာကိုလည်း သူတို့နားလည်ကြပါတယ်။ သူတို့ကွက်ယက်ကို အမြဲ ဖြန့်ကျက်ထားတတ်သူတွေမို့ ပင်ကွင်းငှက်လေးတွေကို အတုယူပြီး ဒီအချက်ကို လုပ်ဆောင်ပါ။

၎။ ကိုယ့်ရင်သွေး ကလေးငယ်တွေကို ကိုယ်ဘယ်လောက်ချစ်ကြောင်းပြပါ။

လူသားတွေလိုပဲ ပင်ကွင်းငှက်ကလေးတွေဟာ သူတို့ကလေးတွေကို အမြဲတမ်းနီးပါး နမ်းနေတတ်ကြပါတယ်။ သူတို့ကလေးတွေကို သူတို့ဘယ်လောက်ချစ်သလဲဆိုတာ အဲ့ဒီအပြုအမူက သက်သေပဲပေါ့။

၅။မကြာခဏ ပြုံးပါ။

ပင်ကွင်းငှက်လေးတွေဟာ အမြဲတမ်းပျော်ရွှင်စွာ နေထိုင်တတ်ကြပါတယ်။ သူတို့ဟာ စိတ်ပျက်အားငယ်တဲ့အချိန် နည်းပါးပြီး သူတို့ပန်းတိုင်အတွက်လည်း ဘယ်တော့မှ အရှုံးမပေးတတ်ပါဘူး။ လူသားတွေအနေနဲ့လည်း သူတို့လောက် မပျော်နိုင်ကြရင်တောင် အပြုံးပန်းတွေကိုတော့ မကြာခဏ ဆင်မြန်းတတ်ဖို့ လိုပါတယ်။

၆။ ကိုယ်ဘယ်လောက်ချစ်ကြောင်း ကိုယ့်ချစ်သူ သိပါစေ။

ပင်ကွင်းငှက်လေးတွေဟာ သူတို့အချစ်ကို အော်ဟစ်ပြောဆိုဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေကြပါတယ်။ သူတို့နေ့စဉ်ဘ၀တွေမှာ ချစ်တဲ့အကြောင်း အော်ပြောတာမျိုးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ သူတို့ချစ်ကြောင်း ကိုယ့်ချစ်သူကို သိစေလိုတာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျွန်မတို့ လူသားတွေ လိုက်လုပ်ဆောင်ကြည့်ဖို့ လိုအပ်တာပေါ့။

၇။ ကိုယ်ချစ်တဲ့သူအပေါ် သစ္စာရှိပါစေ။

ပင်ကွင်းငှက်ကလေးတွေဟာ သူတို့တစ်သက်မှာ တစ်ယောက်ကိုသာ စွဲမြဲ ချစ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူ၊ လက်တွဲဖော်က အခြေအနေအကြောင်းကြောင်းကြောင့် သေဆုံးသွားတာမျိုး ကြုံမှသာ နောက်ထပ် လက်တွဲဖော်အသစ်ကို ရှာတတ်ကြပါတယ်။

၈။ မိဘတာဝန်ကို ကျေပွန်ပါစေ။

လူတွေလိုပါပဲ ပင်ကွင်းငှက်ကလေးတွေဟာလည်း သူတို့သားသမီးကို ကျွေးမွေးပြုစုစောင့်ရှောက် ကြတာမျိုးပါ။ သူတို့ဟာ မွေးဖွားပြီးချိန်ကတည်းက ကိုယ့်ကလေးတွေကို စောင့်ရှောက်ရင်း သူတို့လက်ပေါ်မှာပဲ ကြီးပြင်းစေပါတယ်။ အဖေရော အဖေပါ မိဘတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြပါတယ်။

၉။ အချစ်ကို မကြာခဏ ဖော်ပြပါ။

ပင်ကွင်းငှက်ကလေးတွေဟာ သူတို့ချစ်တဲ့သူရှေ့မှာ အပျော်တွေနဲ့ မကြာခဏ ကတတ်ကြပါတယ်တဲ့။ သူတို့အချစ်ကို ဖွင့်ဟပြောဆိုဖို့အတွက်လည်း ဘယ်တော့မှ ၀န်မလေးကြပါဘူး။ အောင်မြင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြသူများလို သူတို့ဘ၀မှာ တကယ့်ကို ပျော်ရွှင်ကျေနပ်စရာ အချစ်ရေးမျိုး ရရှိကြပါတယ်။

၁၀ တစ်ဦးနဲ့တစ်ဦး ငြင်းခုံကြရင်တောင် စိတ်အနာတရမဖြစ်အောင် ကြိုးစားပါ။

ပင်ကွင်းငှက်ကလေးတွေဟာ သူတို့အချင်းချင်း ငြင်းခုံတာမျိုးတွေ ရှိပေမယ့် ဒီအခြေအနေတွေကြောင့် ပြသနာ တက်တာမျိုးတော့ ဘယ်တော့မှ မရှိကြပါဘူး။ ဒါ့ကြောင့် ကျွန်မတို့ လူသားတွေဟာလည်း ပင်ကွင်းငှက်လေးတွေကို စံနမူနာယူပြီး ငြင်းခုံပြောဆိုရတာမျိုး ရှိရင်တောင် ပြသနာမတက်ပဲ အဖြေတစ်ခုကို ကောင်းမွန်စွာ ထုတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

Ref:yourtango
မေသော် - Trend Myanmar

မှတ်ချက်များ