ချင်းပြည်နယ်တွင်ဖြစ်ပေါ်နေသောမြေပြိုဆည်နှင့်ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိသေး ၊ ဧပြီလကုန် အထိထူးခြားမှုမရှိပါက ဆန္ဒ ထုတ်ဖော်သွားမည်ဟုဆို

ချင်းပြည်နယ်ရှိ မြေပြိုဆည်နှင့် သွားရောက်လေ့လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ကလေးလွင်ပြင်
ချင်းပြည်နယ် တွင်ဖြစ်ပေါ်နေသော မြေပြိုဆည် ကို တာဝန်ရှိသူများလာရောက်လေ့ လာခဲ့သော်လည်း လက်ရှိအချိန်ထိ ထိထိရောက်ရောက်ဆောင် ရွက် ခြင်း မရှိဘဲ ဧပြီလအကုန်ထိ ထူးခြား မှုမရှိပါက ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း ကလေးမြို့အခြေစိုက် အထက်ချင်းတွင်း လူငယ်ကွန်ရက် ကထုတ်ဖော်ပြော ကြား လိုက်သည်။

ချင်းပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးကဦးဆောင် ပြီး ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၊ ကလေးတက္ကသိုလ် ဘူမိဗေဒဌာနအပါအဝင် ဆက် စပ်ဝန်ကြီး ဌာနများ၊ ဒေသခံ အဖွဲ့ အစည်းများနှင့် ပြင်ပပညာရှင်များပါ ဝင်သောအဖွဲ့သည် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက် နေ့အထိ အဆိုပါမြေပြိုဆည်ကို လေ့ လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆို ပါလေ့လာတွေ့ရှိချက်ကို ကယ်ဆယ် ရေးနှင့် ပြန် လည်နေရာချ ထားရေး ဦးစီးဌာနကအစီရင်ခံစာကို အမျိုး သားသဘာဝဘေးကာကွယ်စောင့် ရှောက်ရေးဗဟိုကော်မတီသို့ပေးပို့ ထားပြီးဖြစ်ကြောင်းသိရသည်။

အထက်ချင်းတွင်း လူငယ်ကွန် ရက်မှ ဦးကျော်သက်ဝင်းက ''စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အ သစ်ကိုလည်းတင်ပြ ထားတယ်။ အ စိုးရအဖွဲ့ကို လည်းတင်ပြ ထားတယ်။ ဘာမှထူးခြားမှုမရှိပါဘူး။ ဒီလကုန် အထိတော့ စောင့်ကြည့်ပါမယ်။ ဒီ လကုန်လို့မှ ဘာမှလုပ်ဆောင်ခြင်း မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော် သွားမှာပါ။ ဒီမြေပြို ဆည်ကိစ္စက အချိန်ဆွဲရမယ့်ကိစ္စမ ဟုတ်ပါဘူး။ ပြည်သူလူထုရဲ့အ သက်အိုးအိမ်နဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါ တယ်'' ဟုပြောသည်။

အဆိုပါမြေပြိုဆည်နှင့် ပတ်သက်ပြီး လာရောက်လေ့လာခဲ့သည် မှာအချိန်ကာလအားဖြင့် တစ်လ ကျော်ကြာမြင့်ပြီဖြစ်ပြီး မိုးမကျခင် ဆောင် ရွက်ရမည့် ကိစ္စဖြစ်ခြင်းကြောင့် အချိန်မ ဆွဲသင့်သော လုပ်ငန်းဖြစ်သည်။

ကလေးဒေသခံဖြစ် သူ ဦးကျော် မိုးက ''အရင်ကတော့ သတိမပြုမိဘူး ပေါ့နော်။ သွားလေ့လာတဲ့အထဲမှာ လည်း ကျွန်တော်တို့ဆီ က လူတွေ လည်းပါသွားပါတယ်။ အန္တရာယ် ရှိ တယ်လို့တော့သိရပါတယ်။ ဒါကိုမြန် မြန်ဆန်ဆန်အကောင် အထည်ဖော် စေချင် ပါတယ်''ဟုပြော သည်။

မြေပြိုဆည်နှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဦး ဆောင်သူ သစ်တောဦးစီးဌာနညွှန် ကြားရေးမှူး ဦးဇော်ဝင်းမြင့်က

''ကျွန် တော်တို့ကတော့ ကွင်းဆင်းလေ့လာ ပြီးတော့ တွေ့ရှိချက်တွေကို နိုင်ငံ တော်အဆင့်ကိုတင်ပြထားပြီးသွား ပါပြီ။ ဘာတွေတော့ လုပ်ဆောင် သင့်တယ်ဆို တာမျိုးပေါ့။ ကျန်တာ တော့ ကျွန်တော်တို့လည်းမသိသေး ပါဘူး။ ကျွန်တော်တို့ ဘက်ကတော့ Report ကို တင်ပြထားတာကြာ ပါပြီ'' ဟုပြောသည်။

အစီရင်ခံစာသုံးသပ်ချက်တွင် လက်ရှိဆည်ရေထုထည်သည် ကြီး မားသဖြင့် တွီလွီချောင်းအတွင်းစီး ဝင်မှုဖြစ်ပေါ်ပါက ရေ၏ အရှိန်ကြောင့် ပတ်ဝန်းကျင် ချောင်းဘေး တစ် လျှောက် ကမ်းပြိုခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်လာနိုင် ကြောင်း၊ မြေ ပြိုဆည်မှရေထုထည် သည် ၃၂ မိုင်ခန့်ဝေးသော ရာဇ ဂြိုဟ်ဆည်သို့ ရောက်ရှိ နိုင်သဖြင့် အ ချိန်မီသိရှိခြင်းမရှိပါက ရာဇဂြိုဟ် ဆည်အားအန္တရာယ်ပေးနိုင်သည်။(နုန်းများ၊ ကျောက်တုံးများအပါအ ဝင်)၊ ချင်းပြည်နယ်သည် မိုးရွာသွန်း မှုများပြား၍ သဘာဝဆည် ကန်အ တွင်းစီးဝင်လာပါက ရေဝင်များပြီး ရေထွက်မှုနည်းပါးပါက ဆည်ကန် ကျိုးပေါက်နိုင်၍ အနီးပတ် ဝန်းကျင် ကျေးရွာများ အန္တရာယ်ကြုံတွေ့နိုင် သဖြင့် ဆည်ကန်အတွင်း ရေများ လာပါက မြေနိမ့်သောနေ ရာများမှ ရေထွက် နိုင်စေ ရန် ဘူမိဗေဒဌာန၊ ဆည်မြောင်းဦးစီး ဌာန(စီမံကိန်း) ၊ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ နောင် တွင် အန္တရာယ်မဖြစ်စေရန် (Long Term Plan )ချမှတ်စီမံ ဆောင်ရွက်သင့်ကြောင်း၊ ချင်းပြည် နယ်အတွင်းရှိ တောင်ကုန်း၊ တောင် တန်းများသည် ဘူမိဗေဒသဘောအ ရ မြေသားတည်ငြိမ်မှုမရှိခြင်းကြောင့်၊ သဘာဝတောင်ပြိုဆည်ကန်များ သည် ခန့်မှန်းတွက် ချက်မရဘဲ အခြေ အနေ၊ အချိန်အခါမရွေးကျိုးပေါက် ပျက်စီးနိုင်သဖြင့် ပတ်ဝန်းကျင်ရှိရပ် ရွာလူထု၏အကျိုးစီးပွား (Community) အထိခိုက်နစ်နာပျက်စီးဆုံး ရှုံးမှုလျော့ နည်း နိုင်သမျှလျော့ နည်း စေ ရန်(Early Warning)ကြိုတင် သတိပေးစနစ်တစ်ခုတည်ထောင် ထားသင့်ပါကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။

ယင်းနှင့်ပတ်သက်ပြီး အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော် မတီအတွင်းရေးမှူး ဦးစိုးအောင် က ''ကျွန်တော်တို့ ဆီကို မြေပြို ဆည်ကွင်း ဆင်းလေ့လာရေးအဖွဲ့အစီအရင်ခံ စာရောက်ရှိနေ ပါပြီ။ ရှေ့ဆက် လုပ် ဆောင်ရ မယ့်အရာတွေကို အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားမှာပါ။ အ ထူးသဖြင့်တော့ မိုးမကျ ခင်လုပ်ဆောင် သွားမှာပါ''ဟုပြောသည်။

ချင်းပြည်နယ်သည် တောင်ကုန်း တောင်တန်းထူထပ်သော ပြည်နယ် တစ်ခုဖြစ်၍ မြေပြိုမှုအန္တရာယ်ကြုံ တွေ့ နိုင်သောပြည်နယ် တစ်ခုဖြစ် သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တွီး ခိန်း စံကျောင်းကျေး ရွာနှင့် ဟားခါး လေးတို့တွင် အိုးအိမ်ပစ္စည်းများဆုံး ရှုံးပျက်စီးမှုများကြုံတွေ့ခဲ့ ရခြင်း ကြောင့် နောင် တွင် ဒေသ ခံပြည် သူ လူထုက မြေပြိုမှုအန္တရာယ်အကြောင်း သိရှိနားလည်ကြပြီး ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် ပူး ပေါင်းပါ ဝင်ဆောင်ရွက်ကြခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများလျော့နည်း နိုင်သမျှလျော့ နည်းသွား မည်ဖြစ် ကြောင်း သိရသည်။

AA / Democracytoday

မှတ်ချက်များ