မတ် ၂၅ ရက် Myanmar Idol သူ သီချင်းဆိုပြိုင်ပွဲ ''ထင်ရှားကျော်ကြား ရုပ်ရှင်တေးသီချင်းများ''ဖြင့် သီဆိုယှဉ်ပြိုင်ရမည် ယင်းပြိုင်ပွဲတွင် Wild Card အစီအစဉ်ကိုပါ ထည့်သွင်းပြုလုပ်မည်ဖြစ်
မတ် ၂၅ ရက်တွင်ကျင်းပမည့် Myanmar Idol သီချင်း ဆိုပြိုင်ပွဲ Level 7 သီဆိုယှဉ်ပြိုင်မှုတွင် '' ထင်ရှားကျော်ကြား ရုပ်ရှင်တေးသီ ချင်းများ '' ဖြင့် သီဆိုယှဉ်ပြိုင်ရမည် ဖြစ်ကာ ယင်းယှဉ်ပြိုင်မှုတွင် ပရိသတ် မဲရရှိမှု နည်းပါးခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ပြိုင်ပွဲဝင်များထဲမှ တစ်ဦးကို ပြန်လည်ရွေးချယ်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ မှနှုတ်ဆက်ထွက်ခွာခဲ့ရသည့် ပြိုင်ပွဲဝင်များမှာ ငါးဦးရှိ နေပြီဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးကိုပြန် လည်မဲပေးရွေးချယ်မည့် Wild Card အစီအစဉ်ကိုလည်း စတင်လိုက်ပြီဖြစ်ကာ ယင်းအစီအစဉ်မှာ မတ် ၁၉ ရက် ည ၁၂ နာရီမှ မတ် ၂ဝ ရက်မွန်းတည့် ၁၂နာရီအထိ Myanmar Idol ၏ ဖေ့စ်ဘွတ်ခ်လင့်ခ်ထဲတွင် ဝင်ရောက်မဲပေးသည့်စနစ်ဖြစ်ပြီး ယင်းရလဒ်အခြေအနေကို လာမည့် Level 7 တွင် ကြေ ညာပေး မည်ဖြစ်သည်။
'' လာမယ့်ပြိုင်ပွဲမှာ ပြိုင်ပွဲကနှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင်ငါးဦးထဲကတစ်ဦးကို ပရိသတ်ရဲ့မဲစနစ်နဲ့ ပြန်လည်ရွေးချယ်သွားမှာပါ။ အဲဒီမဲကိုတော့ SMS ပေးပို့ရမှာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ ဖေ့စ်ဘွတ်ခ်လင့်ခ် ထဲမှာ ဝင်ရောက်မဲပေးရမယ့် Online Vote စနစ်ပဲဖြစ်ပါတယ်'' ဟု Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲ Level 6 သီဆိုယှဉ်ပြိုင်မှုတွင် Top 6 ပြိုင်ပွဲဝင်များမှာ နွေရာသီနှင့် လိုက်ဖက်ညီသောတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြရာတွင် ပရိသတ်မဲ ပေးမှုအနည်းဆုံး ပြိုင်ပွဲဝင်သုံးဦးအ နက် မဲအနည်းဆုံးဖြစ်သည့် စောထက် နိုင်စိုးမှာ ပြိုင်ပွဲမှထွက်ခွာသွားရပြီဖြစ် ကြောင်းသိရသည်။
ယခုအခါတွင် Myanmar Idol သီချင်းဆိုပြိုင်ပွဲ Level 7 သီဆိုယှဉ် ပြိုင်မှု၌ M Zaw Rain, Saw Lar Htaw War, Nin Zi May, ဇော်မင်းဦးနှင့် Sophia Everest တို့အပြင် Wild Card အစီ အစဉ်ဖြင့် ပြန်လည် ရွေးချယ်ခံရမည့် ပြိုင်ပွဲဝင်တစ်ဦးတို့ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲသည် Level အဆင့်လိုက် သီဆိုယှဉ်ပြိုင်မှုများကို ပရိသတ်များ၏ မဲပေးဆုံးဖြတ်မှုဖြင့် ပရိသတ်မဲပေးမှုအနည်းဆုံးပြိုင်ပွဲဝင်တစ်ဦးမှာ ပြိုင်ပွဲမှထွက် ခွာရခြင်းဖြစ်ပြီး Level 3 သီဆိုယှဉ် ပြိုင်မှုတွင် ပြိုင်ပွဲမှထွက်ခွာရမည့် ပြိုင် ပွဲဝင်တစ်ဦးကို ဒိုင်များမှပြန်လည်ကယ် တင်ခဲ့ခြင်းကြောင့် Level 4 သီဆိုယှဉ် ပြိုင်မှုတွင် ပြိုင်ပွဲဝင်နှစ်ဦးထွက်ခွာခဲ့ရကာ လက်ရှိတွင် Myanmar Idol Top(11) သီချင်းဆိုပြိုင်ပွဲဝင်၏ level 1,2 ,3 ,4 ,5 ယှဉ်ပြိုင်မှုတွင် ပရိသတ် မဲပေးမှုအနည်းဆုံးဖြစ်သော ပြိုင်ပွဲ ဝင် Rio, အောင်ပြည့်ထွန်း၊ ခိုင်သဇင်သင်း၊ အောင်တေဇာကျော်၊ မေကြည် နှင့် စောထက်နိုင်စိုးတို့မှာ ပြိုင်ပွဲမှ ထွက်ခွာသွားရပြီဖြစ်သည်။
အဆိုပါ Wild Card အစီအစဉ် ဖြင့် ပြိုင်ပွဲမှထွက်ခွာသွားရသော ပြိုင်ပွဲဝင်တစ်ဦးကို ပြန်လည်ရွေးချယ်ပြီး ဖြစ်ပါက ယင်းပြိုင်ပွဲဝင်ပြန်လည်ဝင် ရောက်ယှဉ်ပြိုင်သော Level တွင် ပြိုင် ပွဲဝင်နှစ်ဦး နှုတ်ဆက်ထွက်ခွာရ မည် ဖြစ်ကြောင်း သိရသည်။
NN / Democracy Today

မှတ်ချက်များ