ရုပ်ရှင် အကြိုခံစားခြင်း


ဒီနေ့ အကြိုခံစားဖို့ကိုတော့ အပြောင်းအလဲလေးဖြစ်အောင် စွန့်စားခန်း၊ ဒရာမာ၊ အချစ်၊ အက်ရှင်ရသစုံပါတဲ့ တရုတ်ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေး လိုက်ပါတယ်။ ဘို၊ ဒုန်နဲ့ ပင်းချွမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အလယ် တန်းကျောင်းသားဘဝကတည်းက တွဲဖော်တွဲဖက်တွေ ဖြစ်ကြပြီး အရွယ်ရောက်လာကြတဲ့ အခါမှာလည်း ဟောပေါ့ဆိုင်ဖွင့်ပြီး အတူတူ စီးပွားရေးလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ဟောပေါ့ဆိုင်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုံရှင်းမြို့မှာ ဖွင့်ထားတာဖြစ်ပြီး တစ်ချိန်တုန်းက ဗုံးခိုတဲ့နေရာတွေထဲက တစ်နေရာမှာ ဖွင့်ထားတာပါ။

ဒါကြောင့်မို့ နာမည်ကိုလည်း The Classmate Cave လို့ပေးထားပြီး ဖွင့်လှစ်ခဲ့ရာမှာ စီမံခန့်ခွဲမှုညံ့ဖျင်း တဲ့အတွက် ဒေဝါလီခံခဲ့ရကာ အကြွေးတွေဆပ်ဖို့ဆိုင်ကိုရောင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီအခါမှာ ဘိုတို့သုံး ယောက်ဟာ ဆိုင်ကိုရောင်းရင် ဒီထက်ပိုအမြတ်ထွက်အောင်လို့ နေရာချဲ့ချင်တဲ့အတွက် မြေတွေ တူးခဲ့ပါတယ်။ တူးရင်းတူးရင်းနဲ့ သူတို့တွေဟာ ဘဏ်တိုက်တစ်ခုရဲ့ မြေအောက်ခန်းကို ရောက်သွားပြီး ပိုက်ဆံတွေ အပုံအပင် တွေ့တဲ့အခါ ငွေတွေကိုယူရင် ကောင်းမလား၊ သက်ဆိုင်ရာကို အကြောင်းကြားရင်ကောင်းမလားဝေခွဲမရအောင် ဖြစ်ခဲ့ပါတယ်။

သူတို့တွေဟာ ရဲကိုလည်း အကြောင်းမကြားဝံ့တဲ့အတွက် သူတို့ရဲ့ ဟောပေါ့ဆိုင်ကိုလည်း မထိခိုက်ရလေအောင် ဘဏ်ရဲ့ငွေတိုက်ကို ပြန်ပိတ်နိုင်ဖို့ ကြိုးပမ်းကြပါတော့တယ်။

တိုက်ဆိုင်စွာနဲ့ပဲ ဘိုရဲ့ငယ်ကျွမ်းဆွေရှောင်ဟွေဟာ အဲဒီဘဏ်မှာ အလုပ်လုပ်သူဖြစ်တဲ့အတွက် ဘိုတို့ရဲ့ အဖွဲ့ကို ရှောင်ဟွေက ကူညီခဲ့ပါတယ်။

ရှောင်တွေဟာ ဘဏ်ထဲကို ဘိုတို့တွေဝင်နိုင်ဖို့ ဝန်ထမ်းကတ် အတုတွေလုပ်ပေးပြီး ကူညီပေးခဲ့ပါတယ်။ သူတို့လေးယောက်ပေါင်းပြီး ငွေတိုက်ကြီးကို ဘယ်လိုပိတ်မှာလဲ။ သူတို့အဖွဲ့တွေ ရဲတွေလက်ကလွတ်အောင် လုပ်နိုင်ပါ့မလားဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။

ဒီဇာတ်ကားမှာ ပါဝင်ထားသူတွေက ကွန်ချန်၊ ပိုင်ပိုင်ဟဲ၊ ဟောင်ရှင်၊ အန်တိုင်ယု စတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

7day

မှတ်ချက်များ