မန္တလေးတိုင်းဒေသကြီးတွင် သောက်သုံးရေရှားပါးနေ၍ ကျေးရွာ ၆၀ ကျော်က အကူအညီတောင်းခံ

အညာဒေသအချို့တွင် ရေကိုခက်ခဲစွာရှာဖွေနေရသည် (ဓာတ်ပုံ-ညီညီဇော်)
မန္တလေးတိုင်းဒေသကြီး အတွင်း သောက်သုံးရေရှားပါး ပြတ်လပ်နေသဖြင့် အကူအညီ တောင်းခံသည့်ကျေးရွာ ၆၀ ကျော်ရှိနေကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။

ဇန်န၀ါရီမှ မတ်လကုန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ကိုးမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေရှားပါးမှု ကြုံတွေ့ နေရသည့်အတွက် ရေသယ်ကား များဖြင့် နေ့စဉ်သောက်သုံးရေများ ဖြန့်ဝေနေကြောင်း ကျေးလက်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးမျိုးနိုင်အောင်က ပြောကြားသည်။

‘‘အဓိကကတော့ ဖုန်းနဲ့ ဆက်သွယ်ပြီး အကူအညီတောင်း ကြတာပါ။ ရေလိုအပ်တယ်ဆိုပြီး ဖုန်းဆက်လာပြီဆိုတာနဲ့ မြို့နယ် တွေကနေ ရွာတွေအလိုက် သွား ကြည့်ပြီး ချက်ချင်းပဲ ရေကားတွေ နဲ့ လိုက်ပို့ပေးပါတယ်’’ဟု ဦးမျိုး နိုင်အောင်ကပြောကြားသည်။

ကျေးရွာများသို့ ရေဖြန့်ဝေ ပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ် အလိုက်စည်ပင်သာယာ၊ မီးသတ် တပ်ဖွဲ့၊ သစ်တောဌာနနှင့် ပုဂ္ဂလိ ကရေသယ်ယာဉ်များ အသုံးပြုနေ ပြီး ရေသယ်ယာဉ်များသွားလာရာ တွင် လိုအပ်သည့် စက်သုံးဆီကို ကျေးလက်ဦးစီးဌာနကဖြည့်ဆည်း ပေးသည်ဟု ဆိုသည်။

လက်ရှိအချိန်ထိကျေးရွာ ၆၆ ရွာသို့ ရေဂါလန် သုံးသိန်း ကျော်၊ ရေသယ်ယာဉ်အတွက် စက်သုံးဆီဖိုးကျပ် ၄၉ သိန်းကျော် အသုံးပြုထားသည်ဟု ကျေးလက် ဦးစီးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း ရေရှားပါးသည့် ကျေးရွာ များသို့ လူမှုကူညီရေးအသင်းအ ဖွဲ့များက ရေလှူဒါန်းနေပြီး မတ် လကုန်အထိ ရေဂါလန်နှစ်သိန်း ကျော်ကို ကျေးရွာ ၆၂ ရွာသို့ကူညီ ဖြန့်ဝေထားကြောင်း ပရဟိတအ သင်းများ၏ ရေအလှူကိုစာရင်း ပြုစုထားသည့် မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

နွေရာသီရေရှားပါးသည့် ကျေးရွာများအတွက် သောက်သုံး ရေဖြန့်ဝေပေးနိုင်ရန် မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်တစ်ခု တွင် စက်သုံးဆီဂါလန် ၃၀၀ စီ အဆင့်သင့်ထားရှိပြီး တိုင်းဒေသ ကြီးအတွက် ကျပ်သိန်း ၃,၀၀၀ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အသုံး စရိတ်မှ ထုတ်ယူသုံးစွဲနိုင်ရန်စီစဉ် ထားကြောင်းသတင်းရရှိသည်။

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးရှိ ကျေးရွာ ၁၅၀ ခန့်၌ သောက်သုံးရေရှားပါးပြတ်လပ်မှု နှင့် ကြုံတွေ့ရနိုင်ကြောင်း ကျေး လက်ဦးစီးဌာနက ခန့်မှန်းထားပြီး ရေရှားပါးမှုကြုံတွေ့ရသည့်ကျေး ရွာများအနေဖြင့် အကူအညီ တောင်းခံနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

မောင်တာ - 7day

မှတ်ချက်များ