သမ္မတဦးထင်ကျော်ထံ အမေရိကန်သမ္မတ အိုဘားမား ဖုန်းဆက်ချီးကျူးဂုဏ်ပြု


ယမန်နေ့ည ၉နာရီခန့်က မြန်မာသမ္မတသစ် ဦးထင်ကျော်ထံသို့ အမေရိကန် သမ္မတ အိုဘားမားက ဖုန်းဆက်ကာ ချီးကျူးစကားပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ အတွက် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုး ကူညီ နိုင်မည့် အလားအလာများကို ပွင့်လင်းစွာ အသိပေးနိုင်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိအနေဖြင့် လည်း မြန်မာနိုင်ငံအား ပံ့ပိုးကူညီသွားရန် အသင့်ရှိသည်ကို အသိပေးလို ပါကြောင်း၊ မြန်မာနိုင်ငံ ၏ အနာဂတ်အစီအမံများကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး သစ်အဖြစ် အဆိုပြုထားသူနှင့်လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေး သွားနိုင် ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လည်း ဆက်သွယ်ပြော ကြား ရန် ရှိပါကြောင်း၊ မကြာမီ ကျရောက်တော့ မည့် မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါသမယ အတွက် ဆုမွန်ကောင်းများ ပို့သပါကြောင်း ပြောကြားသည်ဟု အစိုးရသတင်းတွင် ဖော်ပြထားသည်။

သမ္မတ ဦးထင်ကျော်က မြန်မာပြည်သူလူထု၏ အားပေး ထောက်ခံ မှုဖြင့် ယခုကဲ့သို့ ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရခြင်း ဖြစ် ပါကြောင်း၊ ပြည်သူ လူထု၏ အားပေးထောက်ခံမှုကို များစွာ တန်ဖိုးထား ပါကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတကြီးနှင့် အမေရိကန်ပြည်ထောင်စု မှ မြန်မာနိုင်ငံ အပေါ် ဆက်လက်၍ ပံ့ပိုးကူညီမှု များ ပြုလုပ်သွား လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုများ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကဏ္ဍအသီးသီး တွင် ပူးပေါင်းကူညီမှုများကို လိုလား ပါကြောင်း၊ အမေရိကန်ပြည် ထောင်စုအပါအဝင် မိတ်ဆွေနိုင်ငံ များ၏ ပံ့ပိုး ကူညီ မှုဖြင့် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို များမကြာမီ ရောက် ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် တွေ့ကြုံနေရသော် လည်း ယင်းစိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဧရာဝတီ

မှတ်ချက်များ