အမေရိကန်တွင် ၁၅ ပေရှည် မိချောင်းကြီးကို ဖမ်းမိ (ရုပ်သံ)


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာ ပေါင် ၇၈၀ ရှိတဲ့ မိကျောင်းတကောင်ကို မုဆိုးတွေက သေနတ်နဲ့ ပစ်ခတ်ပြီး အသေဖမ်းဆီးလိုက်ပါတယ်။

ဧပြီ ၂ ရက်က လမ်းပြ ဘလိတ်ဂေါ့ဝင်၊ မုဆိုး ၂ ဦးဟာ ၉ နှစ်သားအရွယ် ကလေးငယ်နဲ့ အတူ ၁၅ ပေရှည်တဲ့ မိချောင်းကို ခြေရာခံမိခဲ့တာလို့ အောက်ဝက်စ် စိုက်ခင်းပိုင်ရှင် လီလိုက်ဆေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မိချောင်းကို ထွန်စက်ရဲ့ရှေ့မှာ ချိတ်ဆွဲပြီး တင်ထားတဲ့ဓာတ်ပုံကို စိုက်ခင်းရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ရာမှာ ၄၀၀၀ နီးပါး ရှယ်လုပ်ခဲ့ပါတယ်။

ကြီးမားတဲ့မိကျောင်းကြောင့် တချို့က တကယ့်မိကျောင်းလားဆိုတာ သံသယရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် မိကျောင်းတွေက ၁၀ ပေကနေ ၁၅ ပေရှည်ပြီး ရေချိုတွေရှိတဲ့ မြစ်တွေ၊ ကန်တွေ၊ စိမ့်မြေတွေမှာ နေထိုင်ပါတယ်။

အမေရိကန် ဖလော်ရီဒါမှာ အကြီးဆုံးမိကျောင်းကတော့ ၁၄ ပေ ၃ လက်မခွဲရှိတဲ့ မိကျောင်းဖြစ်ပြီး ၆၅၄ ပေါင်လေးတဲ့ မိကျောင်းဖြစ်ပါတယ်။

DVB

ရုပ်/သံ ကြည့်ရန်
http://burmese.dvb.no/archives/143566

မှတ်ချက်များ