မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ဌာနတွင်း ဖွဲ့စည်းပုံများကို အသစ်ပြင်ဆင်လိုက်ပြီး။ယင်းမှာ အရေးပါ
သောဌာနကြီးတစ်ခုချင်းစီကငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ထိ
ရောက် စေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်းတာဝန် ရှိသူများက ပြောသည်။
ဖွဲ့စည်းပုံအသစ်အရ 'ဌာနခုနစ်ခု' မှာ ဗဟိုဘဏ်၏ အဓိကအရေးပါသောဌာနများ ဖြစ်လာမည်ဟု
နေပြည်တော် ဗဟိုဘဏ်ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥက္ကဋ္ဌရုံး၊ စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာန၊ စာရင်းဌာနနှင့်ငွေကြေးစီမံ ဌာနတို့ကို ညွှန်ကြားမှူးချုပ်တစ်ယောက်စီက အုပ်ချုပ်သွားမည်ဖြစ်သည်။

Myanmar Times

မှတ်ချက်များ