သင့် အသားရောင်က ဘာရောင်ဖြစ်သလဲ သိသွားစေမယ့် နည်းလမ်းလေး
အရေပြား အရောင်အဆင်း ခွဲခြားပေးမယ့် ရိုးရှင်းလျင်မြန်တဲ့ နည်းလမ်းတစ်ခုက လက်ကောက်ဝတ်ပေါ် သွေးပြန်ကြောများ ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ သွေးပြန်ကြောများ အပြာရောင်သမ်းနေပါက သင့်မှာ ပန်းရောင်အသားရေ ရှိနေတာပါ။ သွေးပြန်ကြောများ စိမ်းနေပါက သင်ဟာ အဝါရောင် အသားရေပိုင်ဆိုင်ထားသူပါ။ အဲဒီအပြင် သွေးပြန်ကျောများ အပြာနဲ့ အစိမ်းဖြစ်နေပါက သင် ပုံမှန်အသားရေ အရောင်အဆင်း ပိုင်ဆိုင်ထားပါတယ်။
အသားရောင်အကြောင်း သိနားလည်ဖို့ အရောင်ကုထုံးလည်း လုပ်နိုင်ပါတယ်။ နောက် အရေပြားရောဂါ အထူးကုဆရာဝန်ဆီလည်း ပြနိုင်ပါတယ်။ ပြီးတော့ အသားရောင်အလိုက် အဝတ်အစားအရောင်နဲ့ မိတ်ကပ် ရွေးချယ်မှုတွေ သေချာပြုလုပ်ရပါမယ်။
အသားရောင်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အချက်အလက်များ
ဖျော့တော့တော့ အသားရောင်ရှိသူတွေဟာ ပန်းရောင်အရေပြား အမျိုးအစားထဲ ရှိနေကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် တခါတလေ အဲဒီလူတွေမှာ အဝါရောင်အသားရေလည်း ရှိတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေဟာ ပူနွေးတဲ့ အရေပြားပိုင်ဆိုင်ထားတဲ့ အုပ်စု လို့ ဆိုပါတယ်။ အသားမည်းတဲ့ သူတွေဟာ အဖြူရောင် သို့မဟုတ် အနီရောင် အရေပြား ရှိသူတွေလို့ ဆိုပါတယ်။ အဝါရောင်ဟာ ပိုမိုဝင်းပပြီး အနီရောင်ကျတော့ ပိုမိုနက်မှောင်ပါတယ်။
Ref:timesofindia.indiatimes
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ