‘‘ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာ ဘယ်တော့မှ စောင့်ကြည့်ပြီး ကိုယ်နဲ့နှိုင်းယှဉ်လေ့မရှိဘူး။ အရေအတွက်ထက် အရည်အသွေးကောင်းတဲ့ ကားတွေရိုက်ချင်တယ်’’


ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တွင် ပရိသတ်၏ ဆန္ဒနှင့်တစ်ထပ် တည်းကျခဲ့သည့် ၂၀၁၅ အ ကောင်းဆုံးအမျိုးသမီးဇာတ် ဆောင်ဆုရှင် ဖွေးဖွေးကို အကယ် ဒမီရင်ခုန်မှုအပါအဝင် ၎င်း၏ အနုပညာလှုပ်ရှားမှုများအ ကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါ သည်။

ကျွန်မက နှင်းဆီပါမောင်က ဖွေး ဖွေးအတွက် အတိုက်အခိုက်တွေ များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ် သလို ဒီကားနဲ့ပဲ အကယ်ဒမီရခဲ့ တာဆိုတော့ ဒီဇာတ်ကားက ဖွေး ဖွေးဘဝအတွက် ဘယ်လိုအမှတ် တရတွေဖြစ်ခဲ့လဲ။

ကားရိုက်တုန်းကတော့ အကယ်ဒမီရပါစေဆိုတဲ့ စိတ်နဲ့ ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ က နှင်းဆီပါမောင် စရိုက်တဲ့အ ချိန်တုန်းကလည်း အတိုက်အ ခိုက်တွေခံခဲ့ရပါတယ်။ အဲဒါတွေ ကို ခေါင်းထဲမထည့်ဘဲ ရိုက်နိုင် အောင် ကိုဝိုင်းက အားပေးခဲ့ တယ်။ ပရိသတ်မျက်စိရှေ့ရောက် တဲ့အချိန်မှာ ထပ်ပြီးစိတ်ပူရပြန် ရော။ ပရိသတ်က ဘယ်လိုများ တုံ့ပြန်မလဲဆိုတာ။ ဒါပေမဲ့ လှိုက် လှိုက်လှဲလှဲကြိုဆိုပြီး မောင်ဆို တာတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဂယက်ရိုက်သွားတယ်။ အမှတ် တရဖြစ်တဲ့ကားပေါ့။ အဲဒီလိုကား နဲ့ ဆုရတဲ့အတွက် ဖွေးဖွေးရဲ့တစ် သက်မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

အကယ်ဒမီပေးပွဲမနက်ကလည်း ဖွေးဖွေးရဲ့ပရိသတ်တွေက ကြိုး ကြာရုပ်လေးတွေပို့ပေးသေးတာ ဆိုတော့ အဲဒီအကြောင်းလေး ပြောပေးပါဦး။

အနယ်နယ်အရပ်ရပ်က ပရိ သတ်တွေရော၊ ဒီကပရိသတ်တွေ ရော ရှိရှိသမျှ ပရိသတ်တွေအ ကုန်စုပြီး ကြိုးကြာရုပ်တွေခေါက် တာ အားလုံးစုလိုက်တော့ ကြိုး ကြာရုပ်တစ်သောင်းရတယ်။ ဆု တောင်းပြည့်ချင်ရင် ကြိုးကြာရုပ် တစ်သောင်းနဲ့ ဆုတောင်းရတယ် တဲ့။ ဖွေးကို အဲဒါပို့ပေးတဲ့အချိန် မှာ အကယ်ဒမီရတာကိုတောင် ဖွေးမျက်ရည်ပဲဝဲတယ်။ ကြိုးကြာ ရုပ်တွေရတုန်းက မျက်ရည်ကျပါ တယ်။

ဒီနှစ်မှာ ထူးချွန်ဆုကို ဆရာနဲ့အ တူတူ ရတာဆိုတော့ အဲဒီလိုမျိုး ဆုယူဖို့ မျှော်လင့်ထားတာမျိုးရှိ သလား။

ကိုဝိုင်းက ဖွေးရဲ့ အနုပညာ သူရဲကောင်းပဲလေ။ ကိုဝိုင်း ပထမ ဆုံးဒါရိုက်တာဆုရတုန်းကကြည့် ပြီး ဖွေးဖွေးရဲ့ ဆရာနဲ့အတူတူ စင်ပေါ်မှာ အတူတူဆုရချင်လိုက် တာဆိုတာ အခုတော့ ဆုပြည့် သွားပြီ။ သိပ်မကြာလိုက်ဘူး။

ဖွေးဖွေးရဲ့ အမှတ်တရကားတွေ ဆို တက်တူးနဲ့ မှတ်တမ်းတင် တယ်လို့ ပြောဖူးတယ်။ နှင်းဆီ ပွင့်အနေနဲ့လည်း မှတ်တမ်းတင် ထားတာဆိုတော့ အဲဒါက ယုံ ကြည်မှုပဲလား။

မဟုတ်ပါဘူး။ ဖွေးက ဇာတ် ကားတစ်ကားကိုရိုက်လို့ အရမ်း ထူးခြားပြီး အရမ်းအမှတ်တရဖြစ် တယ်ဆိုရင် အမှတ်တရထိုးနေကျ ပါ။ လက်ပံတုန်းကလည်း အကယ်ဒမီမရခင်ကတည်းက၊ ရိုက်နေက တည်းက လက်ပံပွင့်ပုံထိုးထား တာ။ ဒီနှင်းဆီကလည်း ဖွေးက အနုပညာနဲ့မပတ်သက်တဲ့ပုံတွေ ကို ဖြန့်လေ့မရှိပါဘူး။ တက်တူး ဆရာရဲ့ အမျိုးသမီးတင်လိုက်လို့ ပြန့်သွားတာ။ အနုပညာမဟုတ် တဲ့ တခြားကိစ္စတွေနဲ့ ပေါ်ပင်မဖြစ်ချင်ပါဘူး။

ဖွေးဖွေးဆုရခဲ့တဲ့ ဇာတ်ကားတွေ က လက်ပံတို့၊ နှင်းဆီတို့ဆိုတော့ ပန်းနာမည်လေးတွေနဲ့ အကျိုး ပေးတယ်လို့ ပြောလို့ရမလား။

တခြားကာရိုက်တာတွေမှာ ဆိုရင် ပန်းနာမည်တွေ သိပ်မပါ ဘူး။ ပန်းလေးတွေနဲ့ နာမည်က ပိုပြီးလူသိများတယ်။ ဖွေးကိုယ် တိုင်လည်း ပန်းကြိုက်တယ်။

ဖွေးဖွေးအနုပညာလှုပ်ရှားမှုတွေ နားထားတာ ဘယ်လောက်ကြာပြီ လဲ။ အဲဒီလို အနားယူတာက အနု ပညာအလုပ်တွေ ဆက်လုပ်ဖို့ ဘယ်လိုအကျိုးရှိတယ်လို့ထင် သလဲ။

ဖွေးကတော့ ဖွေးတစ် ယောက်တည်းပုံစံနဲ့ သွားနေတာ။ ဘယ်သူတွေ ဘာလုပ်တယ်ဆို တာ ဘယ်တော့မှ စောင့်ကြည့်ပြီး ကိုယ်နဲ့နှိုင်းယှဉ်လေ့မရှိပါဘူး။ အရေအတွက်ထက် အရည်အ သွေးကောင်းတဲ့ ကားတွေရိုက်ချင် တယ်။ ဖွေးဘဝလေးကို ဖွေးစိတ် ချမ်းသာနေတယ်။ ပရိသတ်တွေ လည်း ဖွေးနဲ့ပတ်သက်ပြီး စိတ် ချမ်းသာတယ်။ အဲဒီလိုပုံစံလေးနဲ့ သွားနေတာ။ ဗီဒီယိုဆိုရင်လည်း ကျဲကျဲလေးနဲ့ ကောင်းကောင်း လေးရိုက်မယ်။ ရုပ်ရှင်ကားကြီးဆို ရင်လည်း ကြာကြာနေမှ တစ် ကားရိုက်မယ်။ ရာသီဥတုက လည်းပူတော့ အရင်တုန်းကလို မရိုက်နိုင်တော့ဘူး။ အဲဒါလည်း ပါတယ်။

ဇာတ်ကားရိုက်ကူးရေးတွေ နား ထားတာကြာပြီဆိုတော့ ဘယ် တော့လောက်ဇာတ်ကားပြန်ရိုက် မှာလဲ။

မေလ ၁၀ ရက်ကျရင် ကိုဝိုင်းနဲ့ ရုပ်ရှင်ကားကြီး ပြန် ရိုက်ပါမယ်။ ကားနာမည်က တတိယလူ။ အခုတော့ သရီးဒီလို့ ပေးထားတယ်။ မင်းသမီးသုံး လက်ပါမယ်။ မင်းသားကတစ် လက်။ ဖွေးသရုပ်ဆောင်ရမှာက စိန်ခေါ်မှုပါတဲ့ ကာရိုက်တာပါပဲ။ အခုခေတ် လူအရမ်းမုန်းတဲ့ကာ ရိုက်တာဖြစ်မယ်။

ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးအ နေနဲ့ အားပေးနေတဲ့ ပရိသတ်တွေ အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖွေးထက်တောင် ဖွေးရဲ့ ပရိ သတ်တွေက ပိုပြီးပျော်နေဦးမှာ ပါ။ ဆက်ပြီး ကြိုးစားပါ့မယ်။

ကျေးဇူးတင်ပါတယ်။

ဇွဲဉာဏ် - 7day

မှတ်ချက်များ