ရန်ကုန်အတွက် ၇ချက်


အာရှမှာ အဆွဲဆောင်နိုင်ဆုံး နေချင့်စဖွယ်အကောင်းဆုံး မြို့တစ်မြို့ ဖြစ်အောင် ရန်ကုန်မြို့ကြီးကို စီမံရမယ့် အချက် ၇ချက်ကတော့

(၁) မြို့ရဲ့ သူမတူထူးခြားတဲ့ သမိုင်းဝင်ဗိသုကာအမွေအနှစ်တွေကို တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရန်

(၂) အများပြည်သူ အပန်းဖြေအနားယူနိုင်တဲ့ သဘာဝစိမ်းလန်းမြေ ကွက်လပ်တွေကို ထိန်းသိမ်း စောင့်ရှောက်ရန်

(၃) အသစ်ဆောက်လုပ်တဲ့ အဆောက်အအုံတွေဟာ တည်ရှိပြီး သမိုင်းဝင်မြို့လယ်နဲ့ လိုက်လျောညီထွေစေရန်

(၄) လူသွားလမ်းတွေဟာ လမ်းလျှောက်ရလွယ်ကူဘေးကင်းပြီး အများပြည်သူအတွက် ရည်ရွယ်တဲ့ လှပသည့် ဒီဇိုင်းများဖြစ်ရန်

(၅) ဘတ်စ်ကားများ၊ ကူးတို့များ၊ မီးရထားနှင့် စက်ဘီးအစရှိသည့် လွယ်ကူ သက်သာ ကောင်းမွန်တဲ့ အများပြည်သူသုံးပို့ဆောင်ရေးစနစ် ဖော်ဆောင်ရန်

(၆) မြို့နေပြည်သူတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တန်ဖိုးထားတဲ့ ပြယုဂ်ဖြစ်တဲ့ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ရန်

(၇) လုပ်ငန်းအမျိုးမျိုးနဲ့ စိုလွင်တက်ကြွတဲ့ မြို့ရဲ့ စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်စေရန်

(၈) သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ လေကောင်းလေသန့်နဲ့ ရေကောင်းရေသန့် များနဲ့ မြို့နေလူထုရဲ့ ကျန်းမာသော လူနေမှုဘဝတွေကို အထောက်အကူပြု ရန်။

(Yangon Heritage Trust ၏ နှိုးဆော်ချက်မှ ကောက်နုတ်ဖော်ပြပါသည်-စီးပွားရှင်)

မှတ်ချက်များ